ဒီဇင်ဘာ ၂ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းခြင်းကို စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ပြည်တွင်း နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာနှင့်ပတ်သက်၍ လာရောက်အသိပေးရှင်းလင်းခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိကဦးတည်ချက်များ ဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ထွန်းရေးအတွက် လိုက်လျောညီထွေရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက အကောင်အထည်ဖော်လျက်ရှိကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးသည် အပြန်အလှန်ဆက်စပ်နေပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးများစွာနောက်ကျနေပါက ပဋိပက္ခဖြစ်ပွားမှုများပြားပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ရေရှည် လုပ်ငန်းစဉ်အဖြစ် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဖြင့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ လူ့စွမ်းအားအရင်း အမြစ်ကောင်းများပေါ်ထွက်လာပါက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းကိုချမှတ်ထားကြောင်း၊ အဆိုပါ စီမံကိန်းနှင့်ချိတ်ဆက်၍ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး၍ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တာဝန် ယူရကြောင်း၊ ပဋိပက္ခများကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်များတွင် ပြည်တွင်းနေရပ်စွန့်ခွါကြသူများရှိကြောင်း၊ ထို့အတွက်ယာယီခိုလှုံရာစခန်းများ ဖွင့်လှစ်ရပါကြောင်း၊ အဆိုပါ စခန်းများသည် ကာလကြာရှည်ပါက နိုင်ငံတော်ကကြိုးပမ်း လျက်ရှိသော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဟန့် အတားပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားအဆင့်မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲခဲ့ကြောင်း၊ မဟာဗျူဟာ ရှိမှသာ စီမံချက်များဖော်ထုတ်ပြီး အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေခွဲငွေမှု ထည့်သွင်းနိုင်မှာဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရာတွင်လည်း အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ် သော နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များအားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အစိုးရကရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို အလေးထားသဖြင့် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည် ဖော်ရေးဗဟိုကော်မတီ ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ လုပ်ငန်း ကော်မတီ (၄) ခုအနက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၈ခုနှစ်မှစတင်၍ အဆိုပါ အမျိုးသားအဆင့် မဟာဗျူဟာကို စတင်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ လတ်တလော ပြည်တွင်းနေရပ် စွန့်ခွာသူများအတွက်လည်း လစဉ်ထောက်ပံ့မှုများ ပေးအပ်လျက်ရှိကြောင်းကို ထပ်လောင်း ပြောကြားလိုပါ ကြောင်း၊ ငွေကျပ် (၁.၈) ဘီလီယံကျော် သုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ ယာယီခိုလှုံရာ စခန်းများရှိ နေရပ်စွန့်ခွာ နေရသူများကို ငွေကြေးထောက်ပံ့မှုများသာမက မှီခိုကင်းစွာနှင့် ကိုယ်တိုင်ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက် ပေးရန်မှာ အရေးကြီးကြောင်း၊ မဟာဗျူဟာကိုအခြေခံ၍ လုပ်ငန်းစဉ်များရေးဆွဲကြရာတွင် ပြည်နယ်တစ်ခုနှင့် တစ်ခုလိုအပ်ချက်များ မတူညီကြသည့်အတွက် သက်ဆိုင်ရာဒေသများရှိပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင်ရေရှည်အတွက် မျှော်မှန်းပြီးအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနညွန်ကြားရေးမှူးချုပ်က မဟာဗျုဟာ ရေးဆွဲဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် မဟာဗျုဟာကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများက မြေပုံ၊ကျောက်ဖြူမြို့များရှိ စခန်းများအား စတင်ပိတ်သိမ်းနိုင်ရေး၊ အရပ်ဖက်လူမှု အဖွဲ့အစည်း များပါဝင်နိုင်ရေး၊ နေရပ်စွန်ခွာသူများ၏ ပညာရေး၊ ကျန်းမာရေး၊ စာဝတ်နေရေး၊ လုံခြုံရေး၊ လွတ်လပ်စွာ သွားလာခွင့်ရရှိရေး၊ ပြည်နယ်အဆင့်လုပ်ငန်းစဉ်များရေးဆွဲရာတွင် ပြည်သူ့အခြေပြုအဖွဲ့အစည်းများပါဝင်ရေး၊ ပြန်လည်နေရာချထားရေးကိစ္စရပ်တွင် ငွေးကြေးသုံးစွဲမှုအခြေအနေတို့နှင့်ပတ်သက်၍ မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီ:ချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ IDP Camp များမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်ကြသော ဝံလက်ဖောင်ဒေးရှင်း၊ မေတ္တာရေစင်အမျိုးသမီးအဖွဲ့၊ ရခိုင်အမျိုး သမီး အစည်းအရုံး၊ စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ချင်းလူမှုရေး၊ Charity Youth Organization၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်ကြသော UNFPA, UNHABBITAT,UNWOMEN, UNDP,UNRCO, UNHCR, UNICEF, UNOCHA, SI, MRCS, ICRC, ACF, IFRC, DRC,RI, IRC, NRC, MAUK, Mercycrops, Oxfam, WHO, Plan, SCI, FAO, , Christian Aid, UNDSS, UNOPS, WFP,IOM, LWF တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#rke_dec2019
Source: MOSWRR