လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၁၉) ရက်နေ့ (၉:၀၀) နာရီအချိန်တွင် ရေစကြိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ပခုက္ကူခရိုင်ဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ သင်တန်းသား/ သူ စုစုပေါင်းအင်အား (၇၅) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂-၁၂-၂၀၁၉) ရက်နေ့မှ (၄-၁၂-၂၀၁၉) ရက်နေ့အထိ သင်တန်းသား (၃၀) ဦး ဖြင့်ဖွင့်လှစ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_dec2019
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)