လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စံကင်းကျေးရွာ အုပ်စု၊ စံကင်းကျေးရွာ၌ (၁-၁၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးနှင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၅) လုံး စုစုပေါင်းနေအိမ် (၆) လုံးမှ လူဦးရေ (၁၈) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,ဝဝဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာရန်ပုံငွေ (၃၇,၈၀ဝ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၃၇,၈၀ဝ/-) ကျပ်တို့အား (၂-၁၂-၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ များ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#ayy_dec2019