Category Archives: News
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၉) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ သင်တန်းသား/သူ(၃၀) ဦးရေဖြင့် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ ဆင်ဘိုမြို့အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်မှာစကားပြောကြားခဲ့ပါသည်။ သင်တန်း ကာလမှာ (၁၃-၁၂-၂၀၁၉) ရက်နေ့အထိ (၃)ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သ တင်းရရှိပါသည်။ #ar #kcn_dec2019 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၁၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ နေ့လည်(၁၂:၀၀) နာရီချိန်ထိ ကော့ကရိတ်မြို့နယ်၊ အမှတ်(7)ရပ်ကွက်၊ ဝါဆိုဦးကျောင်းတိုက်ရှိ စိတ္တသုဓဓမ္မာရုံ၌ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း(၁၂၀)ဦးတို့အား ငလျင်ဘေး၊ ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးများဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်ဘေး၊ မိုးကြိုးဘေးဖြစ်ပွားပါက မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို လိုက်ပါဆောင်ရွက်စေခြင်းများနှင့် အသိပညာပေးဗီဒီယိုဇာတ်လမ်းတိုများပြသခြင်းတို့အားဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_dec2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၂-၁၂-၂၀၁၉) ရက်နေ့တွင် လွိုင်လင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) ကို သင်တန်းသား (၃၀) ဦးတက်ရောက် ခဲ့ပါကြောင်းနှင့် အဆိုပါ သင်တန်းအား (၁၂-၁၂-၂၀၁၉) ရက်နေ့မှ (၁၄-၁၂-၂၀၁၉) ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပါ ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_dec2019
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း(၂/၂၀၁၉)ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၉) ရက်နေ့တွင် သရက်ခရိုင်ဦးစီးမှူးရုံးခန်းမ၌ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းမှ သင်တန်းသား (၃၀) ဦးဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံ သင်တန်း (၂/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းကာလမှာ (၁၃-၁၂-၂၀၁၉) ရက်နေ့အထိ (၃) ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_dec2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၉) ရက်နေ့ နေ့လည် (၁၃:၀၀) အချိန်မှ (၁၄:၁၅) အထိ ပင်လောင်းမြို့နယ် အထက တင်းထပ်၌ ကျောင်းသား/ သူ (၈၀၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်းများအား ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်၊၊ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_dec2019
-
မီးဘေးသင့်ပြည်သူများအားထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ အောက်မော်ဖောင်းကျေးရွာ၊ နယ်မြေ(၃)တွင် (၉-၁၂-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆၃၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁)စာတို့အား (၁၁-၁၂-၂၀၁၉)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် အောက်မော်ဖောင်းကျေးရွာ၊ နယ်မြေ(၃)ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #kcn_dec 2019
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေး
ဒီဇင်ဘာ ၁၁၊ နယူးဇီလန် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့တွင် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးThe Right Honorable Winston Peters နှင့်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် လူနည်းစုတိုင်းရင်းသားများအပါ အဝင် နိုင်ငံသားများ၏ လူ့အခွင့်အရေးတို့ကိုဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ အထူးသဖြင့် မသန်စွမ်းသူများအတွက် ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ပိုမို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေးအတွက် နယူးဇီလန်နိုင်ငံ၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂ဝ၁၉) ရက်နေ့ (၁၂:၀ဝ) အချိန်မှ (၁၃:၃၀) နာရီအချိန်ထိ တောင်ရင်းကျေးအုပ်စု၊ စေတီယျကျေးရွာ အ.ထ.က(ခွဲ) ၌ ဆရာ/မများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၂၀၀) ဦးခန့်အား ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲတွင် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်ပွားစဉ် တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ် ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများကို ဆွေးနွေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းနှင့် မုန့်ထုပ်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအုပ်စု၊ မာန်အောင်ကျေးရွာ ရွာလယ် ဓမ္မာရုံ၌ ကျေးရွာသူ/သား (၂၀၀) ဦးခန့်ကို သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့် နည်းဥပဒေများအကြောင်း ဆွေးနွေးပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ ပေးခြင်းနှင့် မုန့်ထုပ် ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၅၀)၊ လူဦးရေ (၂၂၉)ဦးအတွက် ဆန်ရိက္ခာ(၂) ပတ်စာ ဆန်(၃၃)အိတ်(၉)ပြည်(၄)ဘူးအားလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာအုပ်စု၊ ပြင်ရှည်(ရခိုင်)ကျေးရွာနှင့် ဘူးသီးတောင်မြို့၊ ဂန္ဓာရီပရဟိတ ဘုန်းတော်ကြီးကျောင်းတို့တွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၇၅)စု၊ လူဦးရေ(၃၉၅)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၁၁၂)အိတ်(၄)ပြည်(၄)ဘူးအား (၁၁-၁၂-၂၀၁၉)ရက်နေ့တွင် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec 2019









