Category Archives: News
-
မြေပြိုဘေးအသိပညာပေးမြေစိုက်ဗီနိုင်းပိုစတာဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ပေါင်မြို့နယ်၊ ရဲပြားကုန်းကျေးရွာ မလတ်တောင်မြေပြိုမှုနှင့် မြေပြိုနိုင်ခြေရှိသော ပေါင်မြို့နယ်အတွင်းရှိ နေရာများအပေါ် ဘူမိဗေဒပညာရှင်များ၏ ကွင်းဆင်းစစ်ဆေးမှုအစီရင်ခံစာပါ အကြံပြု ချက်များမှ မြေပြိုနိုင်မှုအန္တရာယ်ရှိသော ဒေသများမှ ပြည်သူများအနေဖြင့် မြေပြိုဘေး အန္တရာယ်နှင့် ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ မုတ္တမကျေးရွာဘူတာအနီး၊ ရဲပြားကုန်း စာသင်ကျောင်းရှေ့၊ ရဲပြားကုန်းရွာရှေ့၊ ကျခတ်ငူရွာဘုန်းကြီးကျောင်းရှေ့၊ ကျုံကရွာနွားလဘို့ဘုရားမုတ်ဝအနီး၊ ကျွဲခြံရွာ အောင်စင်္ကြာစေတီအနီး၊ ပေါင်မြို့ပေါင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၊ မို့နိုင်းရွာဗညားဒလလမ်းထိပ်၊ ဖြူဘရွာ ကတိုက်ရေလှောင်တမံလမ်းခွဲအနီး၊ … Read more
-
သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၁၉) ရက်နေ့၊ (၁၃:၀၀)အချိန် တွင်ဖာပွန်မြို့၊ ဝှေမှုန်ကျေးရွာရှိ မဇ္စျိမာရုံမြနန္ဒါကျောင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျေးရွာသူ/သား အင်အား (၁၀၀) ကျော်ဖြင့် ပြုလုပ်ခဲ့ပါသည်။အဆိုပါ ဟောပြောပွဲတွင် ဌာနနှင့်ပတ်သက်သော သိကောင်း စရာများ မီးဘေး ၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေးနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီးနောက် တက်ရောက်လာသူများအား လက်ကမ်း စာစောင်များ၊ ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_dec2019 … Read more
-
သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၁၉) ရက်နေ့၊ (၁၁:၀၀) နာရီမှ (၁၃:၃၀) နာရီအထိ မွန်ပြည်နယ်၊ သထုံခရိုင် ၊ ပေါင်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း၊ အ.ထ.က(သဲအိမ်) ၌ သဘာဝဘေးအန္တရာယ်နှင့် ပက်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု အင်အား စုစုပေါင်း(၂၀၀) ဦးခန့်တက်ရောက်ခဲ့ပါ ကြောင်းသတင်း ရရှိပါသည်။ #ar #mon_dec2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၁၉) ရက်နေ့တွင် သရက်မြို့၊ မင်းတုန်းလမ်း မြို့အဝင်ဆိုင်းဘုတ်အနီး၌ ငလျင်ဘေး အသိပညာပေး မြေစိုက်ပိုစတာအား စိုက်ထူခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar_aqk #mgy_dec2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၀-၁၂-၂၀၁၉) ရက်နေ့တွင် ဝေါမြို့နယ်၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ အနောက်စက်စုရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးမှ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ဖိုးငွေ (၈၄၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၈၄၀၀/-) ကျပ်နှင့် ထောက်ပံ့ရေးပစ္စည်း (၁၁) မျိုး၊ (၁) အိမ်ထောင်စာတို့အား (၂၄-၁၂-၂၀၁၉) ရက်နေ့တွင်ဘေးသင့်ပြည်သူများထံ … Read more
-
သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃- ၁၂-၂၀၁၉) ရက်နေ့ နံနက်(၁ဝး၀၀) နာရီအချိန်တွင် သံတောင်ကြီးမြို့၊ ရွှေညောင်ပင် ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျေးရွာသူ/သား အင်အား(၁၂၀) ဦးဖြင့်ပြုလုပ်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပက်သတ်သော သိကောင်းစရာများ မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးအန္တရာယ်များ နှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန် အချက်များဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #chn_dec2019 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၁၉) ရက်နေ့(၁၀:၃ဝ)နာရီမှ(၁၂:၀၀)နာရီအထိ ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူလူထု(၁၀၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အန္တရာယ်နှင့် ပတ်သတ်သောအသိပညာပေးဗီဒီယိုပြသ၍ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec 2019
-
မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃ -၁၂-၂၀၁၉) ရက်နေ့တွင် မြင်းခြံမြို့၊ ဗိုလ်ချုပ်ပန်းခြံရှေ့၌ မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_dec2019
-
မီးဘေးအန္တရာယ် ဆောင်ရန်/ရှောင်ရန် အသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်များဖြစ် ပွားလာပါက ပြည်သူ လူထုများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် မီးဘေးအန္တရာယ်ဆောင်ရန်/ရှောင်ရန်အသိ ပညာပေးဗီနိုင်း ပိုစတာဆိုင်းဘုတ်အား (၂၃-၁၂-၂၀၁၉) ရက်နေ့၊(၁၅:၃၀)နာရီအချိန်၌ မြို့မရပ်ကွက်(အဝိုင်းပတ်)နေရာတွင် စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_fir #mgy_dec2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အရေးအပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၏“အခြေခံလုပ်ငန်းစံ သတ်မှတ်ချက် (Standard Operation Procedure – SOP) (မူကြမ်း)” နှင့်စပ်လျဉ်း၍ညှိနှိုင်းဆွေးနွေး
ဒီဇင်ဘာ၂၃၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးအပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) အနေဖြင့်အရေးပေါ် အခြေအနေတွင် စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာ၌ စနစ်တကျနှင့်လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်စေရန်လိုအပ်လျက်ရှိသော “အခြေခံလုပ်ငန်းစံ သတ်မှတ်ချက် (Standard Operation Procedure – SOP)(မူကြမ်း)” ရေးဆွဲမှုနှင့်စပ်လျဉ်း၍ဆွေးနွေးညှိနှိုင်း သည့်အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ … Read more









