ဒီဇင်ဘာ၂၃၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးအပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) အနေဖြင့်အရေးပေါ် အခြေအနေတွင် စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာ၌ စနစ်တကျနှင့်လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်စေရန်လိုအပ်လျက်ရှိသော “အခြေခံလုပ်ငန်းစံ သတ်မှတ်ချက် (Standard Operation Procedure – SOP)(မူကြမ်း)” ရေးဆွဲမှုနှင့်စပ်လျဉ်း၍ဆွေးနွေးညှိနှိုင်း သည့်အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အရေးအပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၏“အခြေခံလုပ်ငန်းစံသတ်မှတ်ချက် (Standard Operation Procedure – SOP)(မူကြမ်း)” ရေးဆွဲရသည့် နောက်ခံအကြောင်းအရာနှင့် ပတ်သက်၍ရှင်းလင်း တင်ပြခဲ့ပါသည်။
ထို့နောက်EOC မှတာဝန်ရှိသူတစ်ဦးကSOP (မူကြမ်း) ပါအကြောင်းအရာများဖြစ်သောEOC ၏လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့်ယေဘုယျအဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပုံမှန်အခြေအနေတွင် နေ့စဉ် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအရေးပေါ်အခြေအနေ ဖြစ်ပေါ်မှုနယ်မြေအနေ အထား၊ ထိခိုက်ဆုံးရှုံးမှုပမာဏ၊ သဘာဝဘေးဖြစ်ပေါ်မှုကြောင့်ပြောင်းရွှေ့ရသည့် လူဦးရေစသည့် အခြေအနေများအပေါ်မူတည်၍ EOC အနေဖြင့်အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အဆင့် အလိုက်ဆောင်ရွက်နိုင်ရေးဆိုင်ရာ အဆင့်အတန်းသတ်မှတ်ချက်များ၊ သတင်းအချက်အလက်စီမံခန့်ခွဲမှု ဆိုင်ရာစံလုပ်ငန်းစဉ် သတ်မှတ်ချက်များ စသည်တို့နှင့်စပ်လျဉ်း၍ တင်ပြရှင်းလင်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လမ်းညွှန်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ပါသည်။
ဆက်လက်၍ အရေးအပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) သို့သွားရောက်ခဲ့ပြီးပုံမှန် အခြေအနေတွင် နေ့စဉ်လုပ်ငန်းဆောင်ရွက်နေမှုများအားမေးမြန်းကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ယနေ့ တင်ပြဆွေးနွေးသည့်အရေးအပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၏“အခြေခံ လုပ်ငန်းစံသတ်မှတ်ချက် (Standard Operation Procedure – SOP) (မူကြမ်း) အားလမ်း ညွှန်ချက်များနှင့်အညီ ပြင်ဆင်ဖြည့်စွက်၍ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတတိယပတ်အတွင်းSOP (မူကြမ်း) အသုံးပြုလျက်အရေးပေါ်အခြေအနေ၌ EOC အနေဖြင့်လုပ်ငန်းဆောင်ရွက်မှု ပုံစံအား ဌာနတွင်းလက်တွေ့စမ်းသပ်လေ့ကျင့်မှု (Testing EOC SOP) အစီအစဉ်ကို ပြုလုပ်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။
#hl1_otr
Source: EOC