လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၁၉) ရက်နေ့(၁၀:၃ဝ)နာရီမှ(၁၂:၀၀)နာရီအထိ ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူလူထု(၁၀၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အန္တရာယ်နှင့် ပတ်သတ်သောအသိပညာပေးဗီဒီယိုပြသ၍ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mon_dec 2019