မြေပြိုဘေးအသိပညာပေးမြေစိုက်ဗီနိုင်းပိုစတာဆိုင်းဘုတ်များ စိုက်ထူမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ပေါင်မြို့နယ်၊ ရဲပြားကုန်းကျေးရွာ မလတ်တောင်မြေပြိုမှုနှင့် မြေပြိုနိုင်ခြေရှိသော ပေါင်မြို့နယ်အတွင်းရှိ နေရာများအပေါ် ဘူမိဗေဒပညာရှင်များ၏ ကွင်းဆင်းစစ်ဆေးမှုအစီရင်ခံစာပါ အကြံပြု ချက်များမှ မြေပြိုနိုင်မှုအန္တရာယ်ရှိသော ဒေသများမှ ပြည်သူများအနေဖြင့် မြေပြိုဘေး အန္တရာယ်နှင့် ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ မုတ္တမကျေးရွာဘူတာအနီး၊ ရဲပြားကုန်း စာသင်ကျောင်းရှေ့၊ ရဲပြားကုန်းရွာရှေ့၊ ကျခတ်ငူရွာဘုန်းကြီးကျောင်းရှေ့၊ ကျုံကရွာနွားလဘို့ဘုရားမုတ်ဝအနီး၊ ကျွဲခြံရွာ အောင်စင်္ကြာစေတီအနီး၊ ပေါင်မြို့ပေါင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၊ မို့နိုင်းရွာဗညားဒလလမ်းထိပ်၊ ဖြူဘရွာ ကတိုက်ရေလှောင်တမံလမ်းခွဲအနီး၊ ရင်းငြိမ်ရွာ (၁၁) ရပ်ကွက်ထိပ် (၁၀) နေရာတို့၌ (၂၃-၁၂-၂၀၁၉) ရက်နေ့တွင် မြေပြိုဘေးအသိပညာပေးမြေစိုက်ဗီနိုင်းပိုစတာဆိုင်းဘုတ်များစိုက်ထူခဲ့ပါကြောင်း သတင်း ရရှိပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_lsd
#mon_dec2019

Sign Up

Upcoming Events