သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း

 

24_Pic_01

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၁၉) ရက်နေ့၊ (၁၃:၀၀)အချိန် တွင်ဖာပွန်မြို့၊ ဝှေမှုန်ကျေးရွာရှိ မဇ္စျိမာရုံမြနန္ဒါကျောင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျေးရွာသူ/သား အင်အား (၁၀၀) ကျော်ဖြင့် ပြုလုပ်ခဲ့ပါသည်။အဆိုပါ ဟောပြောပွဲတွင် ဌာနနှင့်ပတ်သက်သော သိကောင်း စရာများ မီးဘေး ၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေးနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီးနောက် တက်ရောက်လာသူများအား လက်ကမ်း စာစောင်များ၊ ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#krn_dec2019

Source: ဖာပွန်ခရိုင်ဦးစီးမှုးရုံး (ဘစမ)

Sign Up

Upcoming Events