Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်မှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၉) ရက်နေ့တွင် ချင်းတွင်း မြစ်ရေတိုက်စားမှုကြောင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၈) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀၀/-) ကျပ် စုစုပေါင်း ငွေ ( ၂၁၆၈၀၀) ကျပ် တို့အား (၁၃-၁၂-၂၀၁၉) ရက်နေ့တွင် ရေစကြိုမြို့နယ်ဦးစီးမှူး ရုံး၌ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၉) ရက်နေ့တွင် နေ့လည် (၁၃:၀၀) အချိန်မှ (၁၄:၁၅) အထိ ပင်လောင်းမြို့နယ် အထကတီကျစ်၌ ကျောင်းသား/ သူ (၅၅၀) ဦးအားသဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်းများအား ပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၉) ရက်နေ့ တွင် (၁၂:၁၅) ချိန်မှ (၁၃:၃၀) ချိန်ထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ စာသုံးသူ ရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကော့ကရိတ်မြို့နယ်၊ ရေကျော်လေးကျေးရွာရှိ ဓမ္မာရုံ၌ ကျေးရွာသူ/သား စုစုပေါင်း (၁၀၀) ဦးတို့အား ဦးစီးဌာနနှင့် ပတ်သက်သောလုပ်ငန်းတာဝန်များ၊ ထောက်ပံ့နှုန်းထားများ၊သဘာဝဘေးဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ ရှောင်ရန်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #krn_dec2019
-
မီးဘေးသင့်ပြည်သူများအားထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တောင်းပိုင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကျိုက်အင်းကွက်သစ်ကျေးရွာတွင်(၁၀-၁၂-၂၀၁၉)ရက်နေ့ (၁၃:၂၀)နာရီအချိန်၌ မီးဘေးဖြစ်ပွားမှုကြောင့် ဘေးသင့်အိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၉)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂)အိမ်ထောင်စာတို့အား (၁၃-၁၂-၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #ygn_dec 2019
-
ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၁၂.၂၀၁၉)ရက်နေ့၊ (၁ဝး၀၀)နာရီမှ (၁၂:၀၀) နာရီအထိ မွန်ပြည်နယ်၊ သထုံခရိုင် ၊ ပေါင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ၊ အ.ထ.က(ခွဲ)၊ ပန်းကုန်း၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့အား ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူနှင့် ပြည်သူလူထုအင်အား စုစုပေါင်း(၆၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2019 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၉) ရက်နေ့တွင် စစ်တွေမြို့နယ်၊ ဓမ္မရာမဘုန်းတော်ကြီးကျောင်း၌ ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင် အိမ်ထောင်စု (၃၁) စုအတွက် ဆော်ဒီစောင်(၃၁) ထည်အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_dec2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၉) ရက်နေ့ တွင် နံနက်(၁၀:၀၀) နာရီချိန်မှ နေ့လည် (၁၁:၄၀) နာရီချိန်ထိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကော့ကရိတ်မြို့နယ်၊ ရေကျော်ကြီး ကျေးရွာ ရှိ ဓမ္မာရုံ၌ ကျေးရွာသား/သူ စုစုပေါင်း(၁၂၅) ဦးတို့အား ဦးစီးဌာနနှင့် ပတ်သက်သောလုပ်ငန်း တာဝန်များ၊ ထောက်ပံ့နှုန်းထားများ၊ သဘာဝဘေးဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်းဖြန့် ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၉) ရက်နေ့ နံနက် (၀၉:၃၀) အချိန်မှ (၁၁:၀၀) အချိန်အထိ ပင်လောင်းမြို့နယ် အထကနောင်တရား၌ ကျောင်းသား/ကျောင်းသူ (၆၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်းများအား ပြုလုပ် ပေး ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၂-၁၂-၂၀၁၉)ရက်နေ့ (၁၄:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ လွိုင်ကော်မြို့နယ်၊ အ.ထ.က(လောပိတ)ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၁၀၀)ဦး အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_dec 2019
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၉) ရက်နေ့တွင် စစ်တွေမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၁၂၈) စု၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တိုက်ပွဲ ရှောင် အိမ်ထောင်စု(၁၂၂) စု၊ စုစုပေါင်း အိမ်ထောင်စု(၂၅၀) စုတို့အတွက် အိမ်ထောင်စု(၁) စုလျှင် ဆီ(၂) ဗူးနှုန်းဖြင့် စုစုပေါင်း ဆီ (၅၀၀) ဗူးအား သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_dec2019









