လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တောင်းပိုင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကျိုက်အင်းကွက်သစ်ကျေးရွာတွင်(၁၀-၁၂-၂၀၁၉)ရက်နေ့ (၁၃:၂၀)နာရီအချိန်၌ မီးဘေးဖြစ်ပွားမှုကြောင့် ဘေးသင့်အိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၉)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂)အိမ်ထောင်စာတို့အား (၁၃-၁၂-၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Sourceး ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#ygn_dec 2019