
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၉) ရက်နေ့တွင် စစ်တွေမြို့နယ်၊ ဓမ္မရာမဘုန်းတော်ကြီးကျောင်း၌ ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင် အိမ်ထောင်စု (၃၁) စုအတွက် ဆော်ဒီစောင်(၃၁) ထည်အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#otr
#rke_dec2019