သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

13_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၉) ရက်နေ့ တွင် (၁၂:၁၅) ချိန်မှ (၁၃:၃၀) ချိန်ထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ စာသုံးသူ ရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကော့ကရိတ်မြို့နယ်၊ ရေကျော်လေးကျေးရွာရှိ ဓမ္မာရုံ၌ ကျေးရွာသူ/သား စုစုပေါင်း (၁၀၀) ဦးတို့အား ဦးစီးဌာနနှင့် ပတ်သက်သောလုပ်ငန်းတာဝန်များ၊ ထောက်ပံ့နှုန်းထားများ၊သဘာဝဘေးဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ ရှောင်ရန်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။

Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#krn_dec2019

Sign Up

Upcoming Events