
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၉) ရက်နေ့ တွင် နံနက်(၁၀:၀၀) နာရီချိန်မှ နေ့လည် (၁၁:၄၀) နာရီချိန်ထိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကော့ကရိတ်မြို့နယ်၊ ရေကျော်ကြီး ကျေးရွာ ရှိ ဓမ္မာရုံ၌ ကျေးရွာသား/သူ စုစုပေါင်း(၁၂၅) ဦးတို့အား ဦးစီးဌာနနှင့် ပတ်သက်သောလုပ်ငန်း တာဝန်များ၊ ထောက်ပံ့နှုန်းထားများ၊ သဘာဝဘေးဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်းဖြန့် ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#krn_dec2019