Category Archives: News
-
မြေပြိုဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေး ပြည်သူများအား သဘာဝဘေးအသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိစေနိုင်ရန်အတွက် (၈-၁-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအရှေ့ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆေးရုံလမ်းဆုံထိပ်၌ မြေပြိုဘေးဗီနိုင်းပိုစတာဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_lsd #mon_jan2020
-
မီးဘေးအသိပညာပေးမြေစိုက်ဗီနိုင်းပိုစတာဆိုင်းဘုတ်များစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အထက (၂) ဘောလုံးကွင်းရှေ့နှင့် ဇေယျာမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ရှေ့တို့၌ (၇ – ၁ – ၂၀၂၀ ) ရက်နေ့တွင် မီးဘေးအသိပညာပေး မြေစိုက်ဗီနိုင်းပိုစတာ ဆိုင်းဘုတ်များစိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #mon_jan2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
လက်နက်ကြီး ကျည်စထိမှန်မှုကြောင့် ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၂၀) ရက်နေ့တွင် တိုက်ပွဲများဖြစ်ပွားသည့် နေရာမှ လွင့်စင်လာသည့် လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ဒဏ်ရာရလူနာ (၁) ဦးအတွက် ဒဏ်ရာရ ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၇-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #rke_jan2020
-
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံအဆင့် စံလုပ်ငန်း အစီအစဉ် အပြီးသတ်အတည်ပြုရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
ဇန်နဝါရီ ၇၊ နေပြည်တော် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံအဆင့် စံလုပ်ငန်းအစီအစဉ် အပြီးသတ်အတည်ပြုရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ ဥက္ကဌတာဝန်ကို တာဝန်ယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊ … Read more
-
မိုင်းထိပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ ကျောက်ရန်အုပ်စု၊ ထိပ်တူးပေါက် ကျေးရွာ၌ မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ (၃) ဦးအတွက် (၁) ဦးလျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ်တို့အား (၇-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #rke_jan2020
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းချောင်းကျေးရွာအုပ်စု၊ ကျွန်းဘိုးကျေးရွာ၌ (၆- ၁-၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၄,၂၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၄,၂၀၀/-) ကျပ်တို့အား မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၇-၁-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့် ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
မိုင်းထိပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မိုင်းပေါက်ကွဲမှုကြောင့် ဘူးသီးတောင်မြို့နယ်၊ ကျောက်ရန်အုပ်စု၊ ထိပ်တူးပေါက်ကျေးရွာနေ ယာဆိန်အူလာ(ဘ)အဒူဇော်ဘေရ်(၁၀)နှစ်၊ အဒူရာမာန် (ဘ)မုစ်တာပါ ကာမာလ်(၁၀)နှစ်၊ မာမတ် အာဆိန့်(ဘ)ဆော်လိမ်(၈)နှစ်၊ အာရာအူလာ(ဘ)မာ မတ်ဇူဘန်(၈)နှစ် သေဆုံးသူ(၄) ဦးအတွက် (၁)ဦးလျှင် ငွေ(၃၀၀,၀၀၀)ကျပ်နှုန်းဖြင့် ငွေ(၁,၂၀၀,၀၀၀)ကျပ်နှင့် အေမေရာရ်(ဘ) ရှောင်ရှူ အာလောင်(၁၀)နှစ်၊ အာဇီဇူရာမာန် (ဘ) မုစ်တာပါကာမာလ်(၈)နှစ်၊ အာမီရာကိန်း (ဘ) ဟာဘဲစ် အာမတ်(၈)နှစ် ဒဏ်ရာရရှိသူ(၃)ဦးအတွက် (၁)ဦးလျှင် ငွေ (၅၀,၀၀၀) ကျပ်နှုန်းဖြင့် ငွေ (၁၅၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၃၅၀,၀၀၀) ကျပ်တို့ကို လူမှုဝန်ထမ်း၊ … Read more
-
အမျိုးသားသဘာဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေတည်ဆောက်ထားသော သံခွံစက်လှေစစ်ဆေးမှုသတင်း
တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာ၀ဘေးအန္တရာယ်များကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ ရေးလုပ်များတွင် အသုံးပြုရန် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ထူးထက်ရှိန်ကုမ္ပဏီမှ တင်ဒါအောင်မြင် တည်ဆောက်လျက်ရှိ သော သံခွံစက်လှေအင်ဂျင်အမျိုးအစား Hino Ho 7c (130) hp ၊ အရွယ်အစား (၅၂ × ၈.၅ × ၄) ပေ (၂)စီး၏ ဆောက်လုပ်ပြီးစီးမှု အခြေအနေအား (၅.၁.၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင် သာယာရေး၀န်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီး၊ တနင်္သာရီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ … Read more
-
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မဟာဗျူဟာရှင်းလင်းဆွေးနွေးခြင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြုလုပ်
ဇန်နဝါရီ ၊ ၆ ၊ မြစ်ကြီးနား ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ပူးပေါင်းအကောင်အထည်ဖော်နိုင် ရေးအတွက် ဆွေးနွေးခြင်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာခက်အောင်တို့ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် … Read more
-
ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ သထုံခရိုင်ဦးစီးမှူးရုံး၏ (၇၅’×၄၀’×၂၄’) RCC (၂) ထပ်၊ ဝန်ထမ်းအိမ်ရာ (၃) ခန်းတွဲ အဆောက်အဦး ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားအား (၆-၁-၂၀၂၀) ရက်နေ့၊ (၀၉:၄၅) နာရီ တွင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ပြီး ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #mon_jan2020 Source: သထုံခရိုင်ဦးစီးမှူးရုံး









