မိုင်းထိပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 

7_Pic_01

မိုင်းပေါက်ကွဲမှုကြောင့် ဘူးသီးတောင်မြို့နယ်၊ ကျောက်ရန်အုပ်စု၊ ထိပ်တူးပေါက်ကျေးရွာနေ ယာဆိန်အူလာ(ဘ)အဒူဇော်ဘေရ်(၁၀)နှစ်၊ အဒူရာမာန် (ဘ)မုစ်တာပါ ကာမာလ်(၁၀)နှစ်၊ မာမတ် အာဆိန့်(ဘ)ဆော်လိမ်(၈)နှစ်၊ အာရာအူလာ(ဘ)မာ မတ်ဇူဘန်(၈)နှစ် သေဆုံးသူ(၄) ဦးအတွက် (၁)ဦးလျှင် ငွေ(၃၀၀,၀၀၀)ကျပ်နှုန်းဖြင့် ငွေ(၁,၂၀၀,၀၀၀)ကျပ်နှင့် အေမေရာရ်(ဘ) ရှောင်ရှူ အာလောင်(၁၀)နှစ်၊ အာဇီဇူရာမာန် (ဘ) မုစ်တာပါကာမာလ်(၈)နှစ်၊ အာမီရာကိန်း (ဘ) ဟာဘဲစ် အာမတ်(၈)နှစ် ဒဏ်ရာရရှိသူ(၃)ဦးအတွက် (၁)ဦးလျှင် ငွေ (၅၀,၀၀၀) ကျပ်နှုန်းဖြင့် ငွေ (၁၅၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၃၅၀,၀၀၀) ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#otr

#rke_jan2020

Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events