အမျိုးသားသဘာဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေတည်ဆောက်ထားသော သံခွံစက်လှေစစ်ဆေးမှုသတင်း

7_Pic_01 7_Pic_02

တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာ၀ဘေးအန္တရာယ်များကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ ရေးလုပ်များတွင် အသုံးပြုရန် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ထူးထက်ရှိန်ကုမ္ပဏီမှ တင်ဒါအောင်မြင် တည်ဆောက်လျက်ရှိ သော သံခွံစက်လှေအင်ဂျင်အမျိုးအစား Hino Ho 7c (130) hp ၊ အရွယ်အစား (၅၂ × ၈.၅ × ၄) ပေ (၂)စီး၏ ဆောက်လုပ်ပြီးစီးမှု အခြေအနေအား (၅.၁.၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင် သာယာရေး၀န်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီး၊ တနင်္သာရီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာ၀န်ရှိသူများ လိုက်ပါလျက် သံခွံစက်လှေ(၂)စီး၏ အရွယ်အစား၊ အင်ဂျင်အမျိုးအစားများအား မှန်ကန်မှုရှိစေရေးစစ်ဆေးခဲ့ပြီး ဆောင်ရွက်ရန် လိုအပ်သည်များအား မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#tny_jan2020

Source – တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events