Category Archives: News
-
လူ့ဘဝအစ ရက် (၁၀၀၀) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး ညိှနှိုင်းစည်းဝေးကျင်းပ
ဇန်နဝါရီ ၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် လူ့ဘဝအစ ရက် (၁၀၀၀) ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာ စစ်ဆေးခြင်းနှင့် ကူညီပံ့ပိုးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းများအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထိုလုပ်ငန်းများ လုပ်ငန်းစီမံချက်တည်ရှိရာဒေသများတွင်သာမဟုတ်ပဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညိှနှိုင်းအစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းတွင် … Read more
-
ဒဏ်ရာရလူနာအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁-၂၀၂၀) ရက်နေ့၌ ကျောက်မဲမြို့နယ်၊ ကွမ်းစလန်း ကျေးရွာ အုပ်စု၊ ပန်လော့ကျေးရွာတွင် မိုင်းထိမှန်၍ ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ/-) ကျပ်အား (၈-၁-၂၀၂၀) ရက်နေ့တွင် ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #shn_jan2020
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ ကန်အောက်ရပ်ကွက်၌ (၇-၁-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀) ဦးနှင့် သေဆုံးသူ (၁)ဦးတို့အတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၂၁,၀၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၂)အိမ်ထောင်စုစာတို့ကို (၈-၁-၂၀၂၀) ရက်နေ့တွင် ပြည်သူ့လက်ဝယ်အရောက် … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ဇန်နဝါရီ၈၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည်မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ Head of Economic and Development Assistance Section မှ Counsellor ဖြစ်သူ Mr. TAKIMI Kazuyuki နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် နည်းပညာတိုးတက်မှု မြင့်မားသည့်နိုင်ငံဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်မှသည် ဒေသန္တရဆိုင်ရာအဆင့်ထိ အဆင့်ဆင့်ချိတ်ဆတ်ဆောင်ရွက်နေမှုများ၊ သဘာဝဘေးအန္တရာယ်ကြိုတင် သတိပေးသည့်စနစ်၊ ပြည်သူလူထုနှင့်သတင်းမီဒီယာများ၊ ဆိုရှယ်မီဒီယာများသို့ … Read more
-
မိုးခေါင်ရေရှားဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၂၀) ရက်နေ့တွင် မြောင်မြို့နယ်၊ ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ်တို့၌ စိုက်ထူထားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဗီနိုင်း ဆိုင်းဘုတ်နေရာတွင် မိုးခေါင်ရေရှားဘေးနှင့် ပတ်သက်သည့် အသိပညာပေး ဗီနိုင်းပိုစတာ ဆိုင်းဘုတ် အား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_drg #sgg_jan2020
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ရေနောက်အုပ်စု၊ ရေနောက်ကျေးရွာ၌ (၃-၁-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ်(၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၃)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာတို့ကို (၈-၁-၂၀၂၀)ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_jan2020 … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ တလုပ်ကုန်းကျေးရွာအုပ်စု၊ ဦးတိုကျေးရွာ၌ (၂-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စုစာတို့ကို (၇-၁-၂၀၂၀) ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် ပြည်သူ့လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jan2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကျောက်ဖြူခရိုင်၊ အမ်းမြို့၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ရှောက်ခြုံကျေးရွာ၊ သရက်ပင်ချောင်းကျေးရွာ၊ အုန်းတည်ချောင်းကျေးရွာ၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ ဒါးလက်တောင်ရွာ၊ ဒါးလက်ရွာဟောင်းရွာနှင့် မြေပုံမြို့နယ်၊ စညှင်းကျေးရွာအုပ်စု၊ စညှင်းကျေးရွာတို့တွင် (၂.၁.၂၀၂၀) ရက်နေ့၌ ရောက်ရှိခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု(၁၄)စုမှ ကျား(၂၄)ဦး၊ မ(၂၉)ဦး၊ စုစုပေါင်း (၅၃) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာတန်ဖိုးငွေ (၂၂၂၆၀၀/-) တို့ကို (၈.၁.၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာအုပ်စု၊ တောင်ရွာသစ်ကျေးရွာ၌ (၃-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀/-) ကျပ်တို့အား (၈-၁-၂၀၂၀) ရက်နေ့တွင် ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fir #sgg_jan2020
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ မိုးညိုမြို့နယ်၊ ဇောတိကရပ်ကွက်၊ ပန်းကြာညိုလမ်း၌ (၇-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၆,၃၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (ပလပ်စတစ်ပုံးအပါ) (၁)အိမ်ထောင်စာတို့အား (၈-၁-၂၀၂၀)ရက်နေ့ (၁၁:ဝဝ) … Read more









