မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

8_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ရေနောက်အုပ်စု၊ ရေနောက်ကျေးရွာ၌ (၃-၁-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ်(၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၃)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာတို့ကို (၈-၁-၂၀၂၀)ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_jan2020

Source:           ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events