ကျောက်ဖြူခရိုင်၊ အမ်းမြို့၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ရှောက်ခြုံကျေးရွာ၊ သရက်ပင်ချောင်းကျေးရွာ၊ အုန်းတည်ချောင်းကျေးရွာ၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ ဒါးလက်တောင်ရွာ၊ ဒါးလက်ရွာဟောင်းရွာနှင့် မြေပုံမြို့နယ်၊ စညှင်းကျေးရွာအုပ်စု၊ စညှင်းကျေးရွာတို့တွင် (၂.၁.၂၀၂၀) ရက်နေ့၌ ရောက်ရှိခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု(၁၄)စုမှ ကျား(၂၄)ဦး၊ မ(၂၉)ဦး၊ စုစုပေါင်း (၅၃) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာတန်ဖိုးငွေ (၂၂၂၆၀၀/-) တို့ကို (၈.၁.၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)