လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၂၀) ရက်နေ့တွင် မြောင်မြို့နယ်၊ ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ်တို့၌ စိုက်ထူထားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဗီနိုင်း ဆိုင်းဘုတ်နေရာတွင် မိုးခေါင်ရေရှားဘေးနှင့် ပတ်သက်သည့် အသိပညာပေး ဗီနိုင်းပိုစတာ ဆိုင်းဘုတ် အား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar_drg
#sgg_jan2020