ဇန်နဝါရီ၈၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည်မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ Head of Economic and Development Assistance Section မှ Counsellor ဖြစ်သူ Mr. TAKIMI Kazuyuki နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ဂျပန်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် နည်းပညာတိုးတက်မှု မြင့်မားသည့်နိုင်ငံဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်မှသည် ဒေသန္တရဆိုင်ရာအဆင့်ထိ အဆင့်ဆင့်ချိတ်ဆတ်ဆောင်ရွက်နေမှုများ၊ သဘာဝဘေးအန္တရာယ်ကြိုတင် သတိပေးသည့်စနစ်၊ ပြည်သူလူထုနှင့်သတင်းမီဒီယာများ၊ ဆိုရှယ်မီဒီယာများသို့ သတင်းအချက်အလက် ဖြန့်ဖြူးပေးသည့်စနစ်၊ ရေကြီးရေလျှံမှုများ၊ ငလျင်ဘေးအန္တရာယ် စသည့် သဘာဝဘေးများအတွက် ကြိုတင်ပြင်ဆင်မှုနှင့် ဘေးလျော့ပါးရေးဆောင်ရွက်သည့်အစီအစဉ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြုံတွေ့ခံစားနေရသည့် ရာသီဥတုပြောင်းလဲမှုများနှင့် အကျိုးဆက် များအားသင့်လျော်စွာ တုန့်ပြန် ဆောင်ရွက်နိုင်မည့်အစီအစဉ် စသည့် စီမံဆောင်ရွက်မှုများအား ဂျပန်နိုင်ငံအစိုးရဌာန အသီးသီးတို့က ဆောင်ရွက်နေမှုများကိုလေ့လာ၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များရှာဖွေဖော်ထုတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
Source: MOSWRR
#hl1
#npw_jan2020