Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) အချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာ၊ အ.လ.က (ခွဲ) ကျောင်း၌ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူ စုစုပေါင်း (၁၁၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင် ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်များ၊ ဦးစီးဌာနှင့်ပတ်သက်သော လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ထောက်ပံ့ပစ္စည်းပြသခြင်းများနှင့် တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် ဗလာစာအုပ်ဝေငှပေးခြင်းများကို ဝေငှပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
အသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများသည် (၉-၁-၂၀၂၀) ရက်နေ့တွင် (အ.ထ.က)(၁) ကျောင်းရှေ့တွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်အလက် များကို ပြည်သူများအား သိပညာဗဟုသုတများရရှိစေရန်အတွက် မိုးခေါင်ရေရှား အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #sgg_jan2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၂၀)ရက်နေ့တွင် အထက(၁) ကန့်ဘလူမြို့၌ ကျင်းပပြုလုပ်သည့် ကန့်ဘလူခရိုင်ကလေးစာပေပွဲတော်သို့ တက်ရောက်လာကြသော ကျောင်း သား/သူများနှင့် မိဘပြည်သူများအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် (၁၀-၁-၂၀၂၀)ရက်နေ့တွင်လည်း ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ #sgg_jan2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊နေပြည်တော်တိုင်းဉီးစီးမှူးရုံးမှ တာဝန်ရှိသူများက ပြည်ထောင် စုနယ်မြေ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာသီအလိုက်ဖြစ်ပွားတတ်သော ဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူများ သိရှိ စေရန်အတွက် အသိပညာပေး ဗီနိုင်းပိုစတာများအား ပျဉ်းမနားမြို့၊ အာဟာရသုခဈေးတွင် (၇-၁-၂၀၂၀) ရက်နေ့၌လည်းကောင်း၊ တပ်ကုန်းမြို့၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ကျောက်တိုင် နှင့် ဗိုလ်ချုပ်ကြေးရုပ်အနီး၊ လယ်ဝေးမြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ ဗိုလ်ချုပ်ကြေးရုပ်အနီး တို့တွင်(၈-၁-၂၀၂၀) ရက်နေ့၌လဲလှယ်စိုက်ထူပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #npw_jan2020 Source: နေပြည်တော်တိုင်းဉီးစီးမှူးရုံး … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၁-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူဇွပ်ကျေးရွာရှိ ကျေးရွာသူ/သား စုစုပေါင်း (၅၀) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_jan2020
-
ကျေးရွာပြောင်းရွှေ့ရေးအတွက် မြေနေရာကွင်းဆင်းစစ်ဆေးခြင်းနှင့် လေဘေးကြိုတင်ကာကွယ်ရေး အသိပညာ ပေးဟောပြောပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၈-၁-၂၀၂၀) ရက်နေ့တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ချောင်းဆုံ ကျေးရွာအုပ်စု၊ ငါးလင်းစေ့ကျေးရွာနှင့် ပေါက်ရင်းကျေးရွာ၊ ကျေးရွာပြောင်းရွှေ့ရေးအတွက် မြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြိုင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြိုင်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ နှင့်အတူ ကျေးရွာပြောင်းရွှေ့ရန်အတွက် သတ်မှတ်ထားသော မြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာ များမှ တက်ရောက်လာသော ပြည်သူလူထု (၂၀၀)ဉီးအား လေဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောမှုများအား ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar_sgw … Read more
-
နေရပ်ပြန်အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခေတ္တတိမ်း ရှောင် (IDP) စခန်းများမှ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မုန်းဒိန်းပါကျေးရွာသို့ နေရပ်ပြန် အိမ်ထောင်စု (၁၁၃) စု၊ လူဦးရေ (၇၀၇) ဦးတို့အတွက် (၁) အိမ်ထောင်စုလျှင် ဆီ (၁) လစာ (၂) ပိဿာနှုန်းဖြင့် (၂၂၆) ပိဿာ၊ (၁) အိမ်ထောင်စုလျှင်ပဲ (၁) လစာ (၂) ပိဿာနှုန်းဖြင့် (၂၂၆) ပိဿာ၊ (၁) … Read more
-
ဒဏ်ရာရလူနာအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပလက်ဝမြို့နယ်၊ ငရှား ကျေးရွာအုပ်စု၊ ငရှားကျေးရွာအုပ်စု၌(၇-၁-၂၀၂၀)ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၈-၁-၂၀၂၀) ရက်နေ့တွင် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ ဒဏ်ရာရပြည်သူ၏မိသားစုဝင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပလက်ဝမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #otr #chn_jan2020
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူဇွပ်ကျေးရွာတွင် (၃၀-၁၂-၂၀၁၉) ရက်နေ့ (၂၃:၃၀) အချိန်၌ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁၁)လုံး၊ အိမ်ထောင်စု (၁၄) စု၊ လူဉီး ရေ (၅၆) ဉီးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၂၀၀,၀၀ဝ) ကျပ်နှင့် ဆန်ရိက္ခါဖိုးငွေ (၁၁၇,၆၀ဝ) ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညှင်းခရိုင်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၁-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #kcn_jan2020 Source: … Read more
-
မိုးခေါင်ရေရှား အသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၈-၁-၂၀၂၀) ရက် နေ့တွင် ရန်ကြီးအောင်ပန်းခြံနှင့် မျက်နှာချင်းဆိုင် ရွှေဘို မူလတန်းကြိုကျောင်းရှေ့တွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်အလက် များကို ပြည်သူများအား သိပညာဗဟုသုတများရရှိစေရန်အတွက် မိုးခေါင်ရေရှား အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။ #sgg_jan2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)









