
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၂၀)ရက်နေ့တွင် အထက(၁) ကန့်ဘလူမြို့၌ ကျင်းပပြုလုပ်သည့် ကန့်ဘလူခရိုင်ကလေးစာပေပွဲတော်သို့ တက်ရောက်လာကြသော ကျောင်း သား/သူများနှင့် မိဘပြည်သူများအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် (၁၀-၁-၂၀၂၀)ရက်နေ့တွင်လည်း ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)