နေရပ်ပြန်အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း

 

9 _ Pic _ 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခေတ္တတိမ်း ရှောင် (IDP) စခန်းများမှ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မုန်းဒိန်းပါကျေးရွာသို့ နေရပ်ပြန် အိမ်ထောင်စု (၁၁၃) စု၊ လူဦးရေ (၇၀၇) ဦးတို့အတွက် (၁) အိမ်ထောင်စုလျှင် ဆီ (၁) လစာ (၂) ပိဿာနှုန်းဖြင့် (၂၂၆) ပိဿာ၊ (၁) အိမ်ထောင်စုလျှင်ပဲ (၁) လစာ (၂) ပိဿာနှုန်းဖြင့် (၂၂၆) ပိဿာ၊ (၁) အိမ်ထောင်စုလျှင်ဆား (၁) ပိဿာနှုန်းဖြင့် (၁) လစာ (၁၁၃) ပိဿာ၊ လူ (၁) ဦးလျှင် နို့ဆီဗူး (၆၀) ဗူးနှုန်းဖြင့် (၁) လစာ၊ လူ (၇၀၇) ဦးအတွက် (၂၂၀) အိတ်၊ (၂၂) ပြည်၊ (၄) ဗူးတို့အား( ၈ – ၁ – ၂၀၂၀ )ရက်နေ့ ၊ (၁၅: ၃၀)နာရီအချိန်တွင် မုန်းဒိန်ပါ ကျေးရွာသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_otr

#kcn_jan2020

Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events