ကျေးရွာပြောင်းရွှေ့ရေးအတွက် မြေနေရာကွင်းဆင်းစစ်ဆေးခြင်းနှင့် လေဘေးကြိုတင်ကာကွယ်ရေး အသိပညာ ပေးဟောပြောပြုလုပ်မှု သတင်း


9_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၈-၁-၂၀၂၀) ရက်နေ့တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ချောင်းဆုံ ကျေးရွာအုပ်စု၊ ငါးလင်းစေ့ကျေးရွာနှင့် ပေါက်ရင်းကျေးရွာ၊ ကျေးရွာပြောင်းရွှေ့ရေးအတွက် မြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြိုင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြိုင်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ နှင့်အတူ ကျေးရွာပြောင်းရွှေ့ရန်အတွက် သတ်မှတ်ထားသော မြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာ များမှ တက်ရောက်လာသော ပြည်သူလူထု (၂၀၀)ဉီးအား လေဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောမှုများအား ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
#ar_sgw
#mgy_jan2020
 
 
Source:ပခုက္ကူခရိုင်ဉီးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events