လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) အချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာ၊ အ.လ.က (ခွဲ) ကျောင်း၌ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူ စုစုပေါင်း (၁၁၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင် ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်များ၊ ဦးစီးဌာနှင့်ပတ်သက်သော လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ထောက်ပံ့ပစ္စည်းပြသခြင်းများနှင့် တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် ဗလာစာအုပ်ဝေငှပေးခြင်းများကို ဝေငှပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#krn_jan2020