Category Archives: News
-
မီးဘေးအသိပညာပေးဗီနိုင်းပိုစတာလဲလှယ်တပ်ဆင်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ရာသီအလိုက်ဖြစ်ပွားတက်သော ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန် / ရှောင်ရန်အချက်များကို ပြည်သူများသိရှိနိုင်စေရန်အတွက် မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအား မော်လမြိုင်ကျွန်းမြို့၊ ကုတင် (၁၀၀) ဆေးရုံရှေ့ တွင် (၁၂- ၁ – ၂၀၂၀ ) ရက်နေ့၌ လဲလှယ်တပ်ဆင်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ayy_jan202 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တောင်တွင်းကြီးမြို့၊ တောင်ပြင် (၂) မူလတန်းကြိုကျောင်း ဖွင့်ပွဲတွင် ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး
ဇန်နဝါရီ ၁၂၊ တောင်တွင်းကြီးမြို့ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၏ ရန်ပုံငွေဖြင့် တည်ဆောက်ထားသော တောင်ပြင် (၂) မူလတန်းကြိုကျောင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌတို့က တောင်ပြင် (၂) မူလတန်းကြိုကျောင်း အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မူလတန်းကြိုကျောင်း ကမ္ဗည်းမော်ကွန်းအား နံသာရည်ဖြင့် … Read more
-
မီးဘေးသင့်ကျောင်းဆောင်များအတွက် ထောက်ပံ့လှူဒါန်းမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ တောင်ဘက်မုဒ်ရှိ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တပရမနှင့် သံဃာတော်(၈)ပါး၊ သီလရှင်(၄၆)ပါး သတင်းသုံးနေထိုင်သည့် ကံသာဓမ္မရိပ်သာ ကျောင်းဝန်းအတွင်းရှိ ကျောင်းဆောင်များမှ ဦးဇင်း၊ ဦးဝိမလ(ခ)ဦးမြဆင် နေထိုင်သော အဆောင်အမှတ်(၃၁)မှ ထမင်းပေါင်းအိုး အပူလွန်ကဲရာမှတဆင့် (၁၁-၁-၂၀၂၀) ရက်နေ့ (၁၃:၁၈)နာရီတွင် မီးလောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ ကျောင်းဆောင်(၂)လုံးနှင့် ကွန်ကရစ်ခင်း၊ သွပ်မိုး၊ ပျဉ်ကာ ဘာသာရေး ကျောင်းဆောင်(၁)လုံး၊ စုစုပေါင်း ဘာသာရေးကျောင်းဆောင်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပါသဖြင့် ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကျောင်းဆောက်ပစ္စည်းဖိုး (၉၀၀,၀၀ဝ) … Read more
-
ရေဘေးအန္တရာယ်အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဉီးစီးမှူးရုံးမှဝန်ထမ်းများသည် (၁၁-၁-၂၀၂၀)ရက်နေ့က ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းရှေ့တွင် ရေဘေးအန္တရာယ်အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူခဲ့ ကြောင်း သိရှိရပါသည်။ #bgo_jan2020 Source: ပဲခူးတိုင်းဒေသကြီးဉီးစီးမှူးရုံး(ဘစမ)
-
မိုးသီးများကြွေကျမှုနှင့်လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သီပေါမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စုတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျခြင်းနှင့် လေပြင်းများ တိုက်ခတ်ခြင်းများကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၄၈) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၉၃၆,၀၀ဝ) ကျပ်၊ လူဦးရေ (၂၀၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၁,၈၀ဝ) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၁၁၇,၈၀၀) ကျပ်အား (၁၁-၁-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်၀ယ်အရောက်ထောက်ပံ့ခဲ့ပါကြောင်း သိရှိရသည်။ … Read more
-
ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို ပြည်သူလူထုကျယ်ပြန့်စွာ သိရှိရေးနှင့် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ အစီအစဉ်တွင် ပါဝင် နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
ဇန်နဝါရီ ၁၁ ၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်မြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှမွေးဖွားသော အသက်(၂)အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်တွင် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုး တိုးတက်မှု (Child Development) နှင့်ပတ်သက်၍ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်မည့်လုပ်ငန်းစဉ်ညှိနှိုင်းခြင်းနှင့် ပြန်လည်ထူထောင်ရေးစခန်း၌ မူးယစ် ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းသို့ သွားရောက်ကြည့်ရှုခြင်းများကို ဆောင်ရွက် ခဲ့ပါသည်။ ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်အတူ ရန်ကုန်မြို့ရှိ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်အတွင်း ရေဝင်ရောက်ခဲ့သည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆင်ကျုံးကျေးရွာမှ အိမ်ထောင်စု (၂၁၆) စု အတွက် ခြင်ဆေးခွေ (၂,၁၆၀) ခွေနှင့် ကလေးကျောင်းဝတ်စုံ ကျား (၁ရ၈) ထည်အားလည်းကောင်း ၊ ရွှေဘော်ကုန်းကျေးရွာမှ အိမ်ထောင်စု (၂၁၈) စုအတွက် ခြင်ဆေးခွေ (၁,၉၂၀) ခွေနှင့် ကလေးကျောင်းဝတ်စုံ ကျား (၁၁၂) ထည်၊ မ (၈၈) ထည်အားလည်းကောင်း၊ နောင်ကျန် ကျေးရွာမှအိမ်ထောင်စု … Read more
-
တိုက်ပွဲရှောင် ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်အရ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲရှောင်စုရပ် (၂၁) ခုရှိ အိမ်ထောင်စု (၁၈၉၈) စု၊ လူဦးရေ (၈,၀၁၀) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ ဆန်(၂,၅၀၃) အိတ်၊ (၃) ပြည်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ (၁၁-၁-၂၀၂၀) ရက်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_jan2020 Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၁-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်၌ လပွတ္တာမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ တို့နှင့်အတူပူးပေါင်း၍ လပွတ္တာမြို့အဝင်လမ်းမကြီးအနီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အားစိုက်ထူခဲ့ပါကြောင်း သိရှိရပါသည်။ #ayy_jan2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ (ဘစမ)
-
ရေဘေးအန္တရာယ်အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဉီးစီးမှူးရုံးမှဝန်ထမ်းများသည် (၁၁-၁-၂၀၂၀)ရက်နေ့က ရွှေကျင်မြို့နယ်၊ ညောင်ဝိုင်း-တရုတ္တန်းမြို့ ပတ်လမ်းထိပ်၊ ရွှေကျင်မြို့ကားဂိတ်အနီးတွင် ရေဘေးအန္တရာယ်အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #bgo_jan Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









