မိုးသီးများကြွေကျမှုနှင့်‌လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

12 _ Pic _ 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သီပေါမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စုတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျခြင်းနှင့် လေပြင်းများ တိုက်ခတ်ခြင်းများ‌ကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၄၈) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၉၃၆,၀၀ဝ) ကျပ်၊ လူဦးရေ (၂၀၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၁,၈၀ဝ) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၁၁၇,၈၀၀) ကျပ်အား (၁၁-၁-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်၀ယ်အရောက်ထောက်ပံ့‌ခဲ့ပါကြောင်း သိရှိရသည်။

#ha_hstr
#shn_jan2020
Source: ကျောက်မဲခရိုင်ဦးစီမှူးရုံးမှ (ဘစမ)

Sign Up

Upcoming Events