ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တောင်တွင်းကြီးမြို့၊ တောင်ပြင် (၂) မူလတန်းကြိုကျောင်း ဖွင့်ပွဲတွင် ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

 

ဇန်နဝါရီ ၁၂၊ တောင်တွင်းကြီးမြို့

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၏ ရန်ပုံငွေဖြင့် တည်ဆောက်ထားသော တောင်ပြင် (၂) မူလတန်းကြိုကျောင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌတို့က တောင်ပြင် (၂) မူလတန်းကြိုကျောင်း အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မူလတန်းကြိုကျောင်း ကမ္ဗည်းမော်ကွန်းအား နံသာရည်ဖြင့် ဖြန်းပက်ပေးခဲ့ကြပြီး ကျောင်း၏ စာသင်ခန်းများ၊ ကလေးကစားခန်းနှင့် အစားအသောက် ခန်းများကို လိုက်လံကြည့်ရှုခဲ့ကြပါသည်။

ထို့နောက် အခမ်းအနားအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ယနေ့ ဖွင့်လှစ်ပေးနိုင်သော မူလတန်းကြိုကျောင်းသည် အစိုးရ ၊ ပြည်သူနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေ ရရှိရေး၊ လျှပ်စစ်၊ လမ်း၊ တံတား၊  အဆောက်အအုံ စသည့်အခြေခံလိုအပ်ချက်များကို ကဏ္ဍအသီးသီးကနေ ကြိုးပမ်းဖြည့်ဆည်းလျက်ရှိပါကြောင်း၊ ထိုနည်းတူ အရေးကြီးသည့် လူသား စွမ်းရည်အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊နိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရာတွင် လူသားများ၏စွမ်းရည်သည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် စွမ်းဆောင်ရည်ကောင်းသော ၊ အတွေးအခေါ်အယူအဆမှန်ကန်သော၊ လူမှုသဟဇာတဖြစ်အောင် နေထိုင်နိုင်သော လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေးသည် ရှေးဦးအရွယ်ကလေးသူငယ်ဘဝမှ စတင်ဆောင်ရွက်ရပါကြောင်း၊ ကလေးသူငယ်များ၏ဘဝသည် အရေးကြီးသကဲ့သို့ မိဘများ၊ မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများ၏ ကဏ္ဍသည်လည်း အရေး ကြီးပါကြောင်း၊ ထို့ကြောင့် ယခုလို အခမ်းအနားများမှတစ်ဆင့် ပြည်သူလူထုထံသို့ အသိပေး မျှဝေရပါကြောင်း၊ သတင်းမီဒီယာများ၊ လက်ကမ်းစာစောင်များဖြင့်လည်း ကျယ်ကျယ်ပြန့်ပြန့် သိရှ ိအောင် အသိပညာပေးမျှဝေလျက်ရှိပါကြောင်း၊ မွေးစမှ အသက်(၈)နှစ်အထိ ရှေးဦးအရွယ် ကလေး သူငယ်ကဏ္ဍကို အလေးထားပြီးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်လိုအပ်ပါကြောင်း၊အစိုးရက စီမံချက်များ၊ စီမံကိန်းများဖြင့် ရင်းနှီးမြှုပ်နှံမှုပြုရာတွင် မိဘများ၊ မိသာစုဝင်များက ပူးပေါင်းပါဝင် ပေးကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ အသက် (၈) နှစ် နောက်ပိုင်းတွင် ကျောင်းပညာရေးအတွက်သော် လည်ကောင်း၊ အသက်မွေးဝမ်းကျောင်းပညာအတွက်သော်လည်ကောင်း၊ မည်သည့် သင်ကြားမှု၊ သင်ယူ မှုများတွင်မဆို အကောင်းဆုံး လိုက်ပါဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ပညာရှင်များ၏ လေ့လာ သုတေ သနပြုချက်အရ ကလေးဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် အနာဂါတ်တွင် အကျိုးအမြတ် (၁၇)ဆ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အစိုးရက ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးဦး အရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိ ပါကြောင်း၊ ဥပဒေနှင့်အညီဆောင်ရွက်မှ ရေရှည်တည်တံ့နိုင်မှာဖြစ်ကြောင်း၊ဖွံ့ဖြိုးတိုးတက်မှုသာမက တစ်ဖက်တွင်လည်း ကလေးသူငယ်များ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒနှင့်အညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ အတွက်ဥပဒေများရှိပြီးဖြစ်သည့်အတွက် အားလုံးလိုက်နာကြရမည်ဖြစ်ကြောင်း၊ မိဘများ၊ မိသာစုဝင် များအနေဖြင့် ကလေးသူငယ်များကို ပြုစုစောင့်ရှောက်သောနည်းစနစ်များရှိပြီး ဖြစ်သည့်အတွက် လေ့လာမှတ်သား ထားကြရန်လိုပါကြောင်း၊ အဆိုပါနည်းစနစ်များဖြင့် မူကြိုကျောင်းများမှာ လေ့ကျင့် ပျိုးထောင်ပေးပါကြောင်း၊ သို့သော်လည်း အစိုးရမူကြိုကျောင်း (၁၃၃) ကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း (၁၀၂၄) ကျောင်းသာ အစိုးရပံ့ပိုးမှုဖြင့် ဖွင့်လှစ်ပေးနိုင်သေးသည့်အတွက် လုံလောက်မှုမရှိ သေးပါကြောင်း၊  ထို့ကြောင့် မိခင်ဝိုင်များကို လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကမူကြိုကျောင်းများကို အနိမ့်ဆုံးရှိရမည့် စံချိန်/ စံညွှန်းများ သတ်မှတ်ပေးပြီး ဖွင့်လှစ်ခွင့်ပေးထားပါကြောင်း၊အသိအမှတ်ပြု၍ နည်းစနစ်ကျသောရှေးဦး အရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဆရာဖြစ်သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ပါကြောင်းနှင့် အဓိကအရေးကြီးသော မိဘများ၊ မိသားစုဝင်များအတွက် ကလေးသူငယ်များ၏ ရက်ပေါင်း (၁၀၀၀)ကာလ အရေးကြီးပုံနှင့် ပြုစုပျိုးထောင်မှုနည်းစနစ် အသိပညာများ ရရှိသွားစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသိပညာပေးမှုများ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့၏လုပ်ငန်းများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ထိရောက်အောင်မြင်အောင် ပူးပေါင်းပါဝင်ပေးကြစေလို ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တောင်ပြင်(၂) မူလတန်းကြိုကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တောင်ပြင်(၂) မူလတန်းကြိုကျောင်း၏ မိဘဆရာအသင်း နာယက က ကျေးဇူးတင်စကားပြောကြားခဲ့ကြ ပါသည်။

ထို့နောက် ကလေးငယ်လေးများက စည်းလုံးစို့လေ သွေးချင်းတို့ရဲ့ပြည် သီချင်းဖြင့် သရုပ်ဖော် ဖျော်ဖြေကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ကလေးငယ်လေးများအား ကစား စရာများ ပေးဝေခြင်းနှင့် ဘင်ဖရာတီးခတ်ဖျော်ဖြေပေးသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြု စုငွေ ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#hl1

#mgy_jan2020

Sign Up

Upcoming Events