မီးဘေးသင့်ကျောင်းဆောင်များအတွက် ထောက်ပံ့လှူဒါန်းမှုသတင်း

12_Pic_01 12_Pic_02

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ တောင်ဘက်မုဒ်ရှိ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တပရမနှင့် သံဃာတော်(၈)ပါး၊ သီလရှင်(၄၆)ပါး သတင်းသုံးနေထိုင်သည့် ကံသာဓမ္မရိပ်သာ ကျောင်းဝန်းအတွင်းရှိ ကျောင်းဆောင်များမှ ဦးဇင်း၊ ဦးဝိမလ(ခ)ဦးမြဆင် နေထိုင်သော အဆောင်အမှတ်(၃၁)မှ ထမင်းပေါင်းအိုး အပူလွန်ကဲရာမှတဆင့် (၁၁-၁-၂၀၂၀) ရက်နေ့ (၁၃:၁၈)နာရီတွင် မီးလောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ ကျောင်းဆောင်(၂)လုံးနှင့် ကွန်ကရစ်ခင်း၊ သွပ်မိုး၊ ပျဉ်ကာ ဘာသာရေး ကျောင်းဆောင်(၁)လုံး၊ စုစုပေါင်း ဘာသာရေးကျောင်းဆောင်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပါသဖြင့် ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကျောင်းဆောက်ပစ္စည်းဖိုး (၉၀၀,၀၀ဝ) ကျပ်နှင့် သင်္ကန်း(၁၀)စုံ၊ သီလရှင်ဝတ်ရုံ (၁၀)ထုပ်၊ ဘီစကွပ်မှုန့် (၁၀) ဖာတို့အား (၁၂-၁-၂၀၂၀)ရက်နေ့ (၀၉:၁၅)နာရီတွင် မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိ သူများနှင့်အတူ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#ygn_jan2020
 
 
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events