
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်အတွင်း ရေဝင်ရောက်ခဲ့သည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆင်ကျုံးကျေးရွာမှ အိမ်ထောင်စု (၂၁၆) စု အတွက် ခြင်ဆေးခွေ (၂,၁၆၀) ခွေနှင့် ကလေးကျောင်းဝတ်စုံ ကျား (၁ရ၈) ထည်အားလည်းကောင်း ၊ ရွှေဘော်ကုန်းကျေးရွာမှ အိမ်ထောင်စု (၂၁၈) စုအတွက် ခြင်ဆေးခွေ (၁,၉၂၀) ခွေနှင့် ကလေးကျောင်းဝတ်စုံ ကျား (၁၁၂) ထည်၊ မ (၈၈) ထည်အားလည်းကောင်း၊ နောင်ကျန် ကျေးရွာမှအိမ်ထောင်စု (၁၈၀) စုအတွက် ခြင်ဆေးခွေ (၁,၈၀၀) ခွေ၊ ကလေးကျောင်းဝတ်စုံ ကျား (၁၈၆) ထည်တို့အား (၁၁-၁-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ထောက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။
#ha_fld
#mon_jan2020
Source: သထုံခရိုင်ဦးစီမှူးရုံးမှ (ဘစမ)