Category Archives: News
-
သေဆုံးသူများနှင့်ဒဏ်ရာရသူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာအုပ်စု၊ ကင်းတောင်ကျေးရွာနေ၌ သေဆုံးသူ (၂) ဦးအတွက် (၁)ဦးလျှင် (၃၀၀၀၀၀/-)ကျပ်နှုန်းဖြင့် (၆၀၀၀၀၀/) ကျပ်နှင့် ဒဏ်ရာရရှိသူ(၇)ဦးအတွက် (၁)ဦးလျှင်(၅၀၀၀၀/-)ကျပ်နှုန်းဖြင့် (၃၅၀၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၅၀၀၀၀/-)ကျပ်တို့ကို (၂၅-၁-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_jan2020 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီအစည်အဝေး ကျင်းပမှုသတင်း
ဇန်နဝါရီ ၂၄၊ နေပြည်တော် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူ့အခွင့်အရေးသည် မွေးရာပါအခွင့်အရေးဖြစ်ကြောင်း၊ အခွင့်အရေးများကို ဖော်ဆောင်ရာတွင်လည်းကောင်း၊ အခွင့်အရေးများကို ဖော်ထုတ်တောင်းဆိုရာတွင်လည်းကောင်း ဥပဒေနှင့်အညီဖြစ်ရန်လိုအပ်သည့်အပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာတည်တံ့ခိုင်မြဲရေး အချက်(၃)ချက်ကိုလည်း … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကလေးကျန်းမာပညာအဖွဲ့တို့ပူးပေါင်း၍ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
နေပြည်တော်၊ ဇန်နဝါရီလ(၂၄)ရက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေသူများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကလေးကျန်းမာပညာအဖွဲ့နှင့် အင်္ဂလန်နိုင်ငံ တော်ဝင်ကလေးကျန်းမာပညာ အဖွဲ့မှပညာရှင်များပူးပေါင်း၍ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အနာဂတ်ဖြစ်သော ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှကင်းဝေးကာကျန်းမာဖွံ့ဖြိုးစေရေးအတွက် ယခုပြုလုပ်သည့် အလုပ်ရုံ … Read more
-
သောက်သုံးရေ ထောက်ပံ့မှုသတင်း
၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့ (၉:၃၀) နာရီအချိန်တွင် ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာအုပ်စု၊ ဘုံချောင်းကျေးရွာ သို့ သောက်ရေသန့် အိမ်ထောင်စု(၁)စုလျှင် (၂၀)လီတာဆံ့ဘူးကြီး (၄) ဘူးစီဖြင့် အိမ်ထောင် စု (၇၀) စု၊ လူဦးရေ(၃၂၀) ဦးအတွက် ရေသန့်ဘူးကြီး စုစုပေါင်း (၂၈၀) ဘူးအား ထောက်ပံ့ ခဲ့ကြောင်း သတင်းရရှိပါသည်။ #sgg_jan2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့၊ (၉:၃၀)အချိန်တွင် ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာအုပ်စု၊ ဘုံချောင်းကျေးရွာသို့ သောက်ရေသန့် အိမ်ထောင်စု(၁)စုလျှင် (၂၀)လီတာဆံ့ဘူးကြီး (၄)ဘူးစီဖြင့် အိမ်ထောင်စု (၇၀)စု လူဦးရေ (၃၂၀)ဦး အတွက် ရေသန့်ဘူးကြီး စုစုပေါင်း(၂၈၀)ဘူးအား သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ကောလင်းမြို့နယ်ဦးစီးမှုးရုံး (ဘစမ) #ha_drg #sgg_jan2020
-
အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက် နေ့ နံနက်(၀၉:၃၀) နာရီအချိန်မှ (၁၁:၀၀) နာရီ အချိန်ထိ ဟိုပုံးမြို့နယ် (အ.လ.က) စအွန် ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦး အားသဘာဝဘေးအသိပညာပေး ဟောပြောပွဲ ပြုလုပ် ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jan2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်အတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်(၂၂-၁-၂၀၂၀) ရက်နေ့၌ ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု၊ ရွာသစ် ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သောမီးဘေးမှ ပျက်စီးနေအိမ် (၁) လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ ပျက်စီးနေအိမ်(၁)လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁) လုံး ၊ လူဦးရေ(၇)ဦး တို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၉) မျိုး (၁)အိမ် … Read more
-
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ငလျင် ဇာတ်တိုက် လေ့ကျင့်ခန်းဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #bgo_jan2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီမှ (၁၄:၃၀)နာရီအထိ ရွှေဘိုမြို့၊ အ.လ.က(၁) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ သူ(၅၀၀)ဦးတို့အား သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြော ခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jan2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးနှင့် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဆောင်ရွက်သော ” ကြက်ခြေနီလှုပ်ရှားမှုနှင့် သဘာဝဘေးအန္တရာယ်များ အကြောင်း သိကောင်းစရာဟောပြောပွဲ ” ကို (၂၁.၁.၂၀၂၀) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် အင်းကလေးကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း၌ ကျောင်းသား/သူ(၂၀၀)ခန့်အား သဘာဝဘေးနှင့်ပတ်သတ်ပြီး အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jan2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









