မီးဘေးသင့်ပြည်အတွက် ထောက်ပံ့မှုသတင်း

 

24_ Pic _ 02

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်(၂၂-၁-၂၀၂၀) ရက်နေ့၌ ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု၊ ရွာသစ် ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သောမီးဘေးမှ ပျက်စီးနေအိမ် (၁) လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ ပျက်စီးနေအိမ်(၁)လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁) လုံး ၊ လူဦးရေ(၇)ဦး တို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၉) မျိုး (၁)အိမ် ထောင်စာတို့ကို (၂၄-၁-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာ၀န်ရှိသူများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူ ပြည်သူလက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#bgo_jan2020

Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events