Category Archives: News
-
ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ဦးစီးမှူးရုံးသစ် (၄၀’ ၆၀’ ၂၈’) စတုရန်းပေ (၄,၈၀၀) နှစ်ထပ်ရုံးသစ်ဆောက်လုပ်ရန် မြေသန့်ပရိတ် တရားတော် နာယူခြင်းနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပခြင်းအား (၂၈-၁-၂၀၂၀) နံနက် (၅:၃၀) နာရီအချိန်မှ စတင်ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားအား ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်မှ တက်ရောက်ခဲ့ပါသည်။ ညွှန်ကြားရေးမှူးနှင့်တကွ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းပြီးနောက် မြေသန့်မင်္ဂလာပရိတ်တရားတော်များ နာယူ၍ လှူဖွယ်ဝတ္တုအစုစုတို့အား ဆပ်ကက် လှူဒါန်းခဲ့ပါသည်။ ထို့နောက်မင်္ဂလာအချိန် နံနက် (၈:၁၀) နာရီအချိန် … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)အချိန်မှ (၁၁:၀၀)အချိန်အထိ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က (ခွဲ)၊ရွှေနံသာကျောင်းတွင် ကျောင်းသား/သူ (၃၁၀) ဦးအား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အတွက် သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို လက်တွေ့သရုပ်ပြသခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်ဝေငှပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် နံရံကပ်ပိုစတာများပေးအပ်ခြင်းနှင့် မုန့်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_jan2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်မှ (၁၁:၃၀)နာရီ အချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ မှိန်ဂနိမ်းကျေးရွာ၊ ကော့ဘွီးကျေးရွာအုပ်စု၊ ကော့ဘွီးဓမ္မာရုံ၌ သဘာ၀ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပခြင်း၊ (DAN)Applicationဖြန့်ဝေခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jan2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီမှ (၁၄:၀၀) နာရီအချိန်အထိ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်ကပ္ပင်ကျေးရွာအုပ်စု၊ ညောင်ကပ္ပင်ကျေးရွာရှိ ဒေသခံနေအိမ်၌ သဘာဝဘေးအန္တ ရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများပေး အပ်ခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲခြောက်နှင့် သကြားလုံးများ ပေးဝေ ခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း(၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #ar #bgo_jan2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၁:၃၀)နာရီအထိ ချောင်းဆုံမြို့နယ်၊ ကမနင်းကျေးရွာ၊ ကျေးရွာခန်းမ၌ ကျေးရွာသူ/ ရွာသား (၁၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပြုလုပ်ခြင်းနှင့် တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင် ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_jan2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) ရက်နေ့ (၀၉:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်အထိ လှိုင်းဘွဲမြို့နယ် အမက(၅)ကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၂၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စေသည့် ဆိုးကျိုးများနှင့် ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ အသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တာရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား ဆွေးနွေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #krn_jan2020
-
မိုင်းထိပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၃ – ၁-၂၀၂၀ ) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ အာပြောင်ကျေးရွာ အနီးတွင် မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝိ/-) ကျပ်အား ( ၂၈ – ၁-၂၀၂၀ ) ရက်နေ့ ( ၁၂ : ၃၀ ) နာရီအချိန်တွင် ကျောက်မဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၈ – ၁ – ၂၀၂၀ ) ရက်နေ့၊ ( ၁၀ : ၃၀ ) နာရီအချိန်မှ ( ၁၂ : ၀၀ ) နာရီအချိန်အထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ကျုံပါကျေးရွာဘုန်းကြီးကျောင်း၌ ပြည်သူလူထုအင်အားစုစုပေါင်း (၁၅၀) ဦး ခန့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။ … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ရှားပါးမှုအခက်အခဲကြုံတွေ့နေရသော နတ်မောက်မြို့နယ်၊ တမလန်းပင် ကျေးရွာအုပ်စု၊ အင်တောရွာသစ်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၆၀) လုံး၊ အိမ်ထောင်စု (၁၉၀) စု၊ လူဦးရေ (၈၅၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၂,၀၀၀) အား (၂၈-၁-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ကျေးရွာအရောက် သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #mgy_jan2020 Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှ (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ( ၂၇ – ၁ -၂၀၂၀ ) ရက်နေ့၊ ( ၀၉ : ၀၀ )နာရီ အချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အ.ထ.က (ခွဲ) အင်တောကျယ်မှ ကျောင်းသား / သူ (၂၇၀) ဦးအားလည်းကောင်း၊ ( ၁၄ : ၀၀ ) နာရီ အချိန်တွင် မကြီးတိုင်းကျေးရွာမှ ကျေးရွာသူ / … Read more









