Category Archives: News
-
မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပမှုသတင်း
ဖေဖော်ဝါရီ ၁၀ ၊ နေပြည်တော် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်စကားပြောကြားရာ၌ ၂၀၁၆ခုနှစ် အစိုးရစတင်တာဝန်ယူစဉ်ကပင် မိမိတို့ ဝန်ကြီးဌာန၏ ဦးစားပေးစီမံချက်များ၌ လူငယ်ရေးရာမူဝါဒကို ထည့်သွင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုယ်စားလှယ်လူငယ်များကိုယ်တိုင်ပါဝင်ရေးဆွဲခဲ့ပြီး ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ၊ ၈ ရက်နေ့တွင် ပြည်ထောင်စု … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀)အချိန်မှ (၁၁:၀၀)အချိန်ထိ ကျောက်ဖြူမြို့၊ မြို့မကျောင်း အ.လ.က(၂) ၌ ဆရာ/ ဆရာမနှင့် ကျောင်းသား/ သူ (၁၃၀) ဦးခန့်အားလည်းကောင်း၊ နေ့လည် (၁၃:၃၀) အချိန်မှ (၁၅:၀၀) အချိန်ထိ ကျောက်ဖြူပညာရေးကောလိပ်၌ ဆရာ/ ဆရာမ (၂၅၀) ဦးခန့်အားလည်းကောင်း သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ ပြီးတက်ရောက်လာသည့် … Read more
-
ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀)ရက်နေ့တွင် မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ မအူပင်ခရိုင်မီးသတ်ဦးစီးဌာန၊ မအူပင်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲတို့မှ တာဝန်ရှိသူများ၊ ဆရာ/မ၊ ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးနှင့်အတူ ပူးပေါင်း၍ ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း အား ကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် အဆိုပါဇာတ်တိုက်လေ့ကျင့်ခန်းတွင် တက်ရောက်လာသူများ အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများဟောပြောပို့ချခြင်း၊ ရှာဖွေ/ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ လက်တွေ့သရုပ်ပြခြင်း၊ ရှေးဦးပြုစုနည်းများ လက်တွေ့ သရုပ်ပြခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိ သူများသည် (၁၀-၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) ချိန်မှ (၁၅:၀၀) အချိန်အထိ တပ်ကုန်းမြို့နယ်၊ အ.ထ.က (ခွဲ) ထန်းတောကြီး၊ စာသင်ကျောင်းတွင် ကျောင်းသား/ သူများအား သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ သူ (၇၂၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ သရက်ငူကျေးရွာအုပ်စု၊ ကင်းဝကြီးကျေးရွာ၌ (၈-၂-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂)ပုံး တန်ဖိုးငွေ (၇၉၂၀၆/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀ဝ/-)ကျပ် နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၉၄၀ဝ/-)ကျပ်တို့အား (၁၀-၂-၂၀၂၀) ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေး ရွာအုပ်စု၊ လက်ပံစုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/သူ (၁၀၀)ဦးနှင့် ကျေးရွာပြည်သူ (၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စေသည့် ဆိုးကျိုးများနှင့်ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာအသိပညာဗဟုသုတများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင် ရန်များအား ဆွေးနွေးဟောပြောပွဲပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များဝေငှပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy _feb2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀)ရက်နေ့၊ (၁၄:၃၀) နာရီမှ (၁၅:၃၀) နာရီအချိန်အထိ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဓမ္မာရုံ၌ ကျေးရွာသူ/ကျေးရွာသားများ၊ အမှတ် (၁)မူလတန်းလွန်ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၅၀) ဦးခန့်ကို သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြော ဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများပေးအပ်ခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲခြောက်နှင့်သကြားလုံးများပေးဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_feb 2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၀၁:၀၀)အချိန်တွင် သရက်မြို့နယ်၊ တောမြင်ဘာကျေးရွာအုပ်စု၊ တောမြင်ဘာကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ လူဦးရေ (၈၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဆပ်ပြာမှုန့်ထုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy _feb2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) အချိန်တွင် ခရမ်းမြို့နယ်၊ ပိန်းကန်ကျေးရွာ၊ ခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်မြေငလျင်နှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များအား ဆောင်ရွက်နိုင် စေရန်အတွက် ဆရာ/ဆရာမနှင့် ကျောင်းသူ/ကျောင်းသား(၈၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ် နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ygn _feb2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀ )ရက်နေ့တွင် ကလေးမြို့၊ အ.လ.က(၆)ကျောင်း၌ ကျောင်းသား/သူ (၃၄၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များ ဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ငလျင်ဘေး နံရံကပ်ပိုစတာများဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg _feb2020









