သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

10_Pic_1

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀)အချိန်မှ (၁၁:၀၀)အချိန်ထိ ကျောက်ဖြူမြို့၊ မြို့မကျောင်း အ.လ.က(၂) ၌ ဆရာ/ ဆရာမနှင့် ကျောင်းသား/ သူ (၁၃၀) ဦးခန့်အားလည်းကောင်း၊ နေ့လည် (၁၃:၃၀) အချိန်မှ (၁၅:၀၀) အချိန်ထိ ကျောက်ဖြူပညာရေးကောလိပ်၌ ဆရာ/ ဆရာမ (၂၅၀) ဦးခန့်အားလည်းကောင်း သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ ပြီးတက်ရောက်လာသည့် ဆရာ/ ဆရာများနှင့်ကျောင်းသား/ သူ (၃၈၀) ဦးခန့်အား လက်ကမ်းစာ စောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#rke_feb2020

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events