ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

10_pic_02(ayy)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀)ရက်နေ့တွင် မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ မအူပင်ခရိုင်မီးသတ်ဦးစီးဌာန၊ မအူပင်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲတို့မှ တာဝန်ရှိသူများ၊ ဆရာ/မ၊ ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးနှင့်အတူ ပူးပေါင်း၍ ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း အား ကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် အဆိုပါဇာတ်တိုက်လေ့ကျင့်ခန်းတွင် တက်ရောက်လာသူများ အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများဟောပြောပို့ချခြင်း၊ ရှာဖွေ/ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ လက်တွေ့သရုပ်ပြခြင်း၊ ရှေးဦးပြုစုနည်းများ လက်တွေ့ သရုပ်ပြခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#simex
#ayy _feb2020

Sign Up

Upcoming Events