သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀)ရက်နေ့၊ (၁၄:၃၀) နာရီမှ (၁၅:၃၀) နာရီအချိန်အထိ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဓမ္မာရုံ၌ ကျေးရွာသူ/ကျေးရွာသားများ၊ အမှတ် (၁)မူလတန်းလွန်ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၅၀) ဦးခန့်ကို သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြော ဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများပေးအပ်ခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲခြောက်နှင့်သကြားလုံးများပေးဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#bgo_feb 2020

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events