သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

10_PIC_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) အချိန်တွင် ခရမ်းမြို့နယ်၊ ပိန်းကန်ကျေးရွာ၊ ခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်မြေငလျင်နှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များအား ဆောင်ရွက်နိုင် စေရန်အတွက် ဆရာ/ဆရာမနှင့် ကျောင်းသူ/ကျောင်းသား(၈၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ် နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ygn _feb2020

Sign Up

Upcoming Events