Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀)ရက်နေ့၊နေ့ လည်(၁၃:၀၀)နာရီမှ(၁၅:၀၀)နာရီထိ ကော့ကရိတ်မြို့နယ်၊ အမှတ်(၉)အမက(မူလွန်) ကျောင်း၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၂၀)ဦး တို့အား မီးဘေး၊ ရေဘေး၊ မုန်တိုင်ဘေး၊ မိုးကြိုးဘေး များဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေး ဟောပြောခဲ့ပြီး သရုပ်ပြသခြင်းများလည်းပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဘေး(၈)မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများ အတွက် ဗလာစာအုပ်များကိုလည်း ကျောင်းအုပ်ဆရာမကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာ၌ ကြွက်ဘေးဒဏ်ခံစားရသူများအတွက် ဆန်ရိက္ခာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဘေးသင့်အိမ်ထောင်စု(၁၉၉၆)စု၊ လူဦးရေ(၁၀၈၅၇)ဦးအတွက် ဆန်ရိက္ခာ(၁၅၈၄)အိတ် စုပေါင်းတန်ဖိုးငွေ(၄၉,၃၉၈,၆၀၀/-)ကျပ်ကို (၉-၂-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရှိရပါသည်။ #ha_otr #shn_feb 2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀) ရက်နေ့တွင် မွန်းလွဲ (၀၁:၀၀) အချိန်၌ သရက်မြို့နယ်၊ ကွမ်းအုံကျေးရွာအုပ်စု၊ ကွမ်းအုံကျေးရွာ၌ သဘာဝ ဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ လူဦး ရေ (၁၂၀) ဦးခန့်တက်ရောက်ခဲ့ပြီး ဆပ်ပြာမှုန့်ထုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ပါကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_feb2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀)ရက်နေ့ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာ အထက်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၄၈၀)ဦးခန့်အား သဘာဝဘေးအသိ ပညာပေးဟောပြောခြင်း၊ ဗီဒီယိုပြသပြီး၊ လက်ကမ်းစာစောင်နှင့်ဘောပင်များဝေငှခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_feb 2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) အချိန်တွင် ဖာပွန်မြို့ ၊ အထက(၁)ကျောင်းရှိ ပညာရတနာခန်းမတွင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူအင်အား(၄၀၀) ကျော်ဖြင့်ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဌာနနှင့်ပတ်သက်သော သိကောင်းစရာများ မီးဘေး ၊ ရေဘေး ၊ မုန်တိုင်းဘေး၊ ငလျင်ဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး တက်ရောက်လာ သော ကျောင်းသား/သူများအား လက်ကမ်းစာစောင်များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီမှ(၁၂:၃၀)နာရီအထိ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဟင်္သာကျွန်းကျေးရွာ၊ ကျေးရွာခန်းမ၌ ရွာသူ/ရွာသား (၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_feb 2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရသီရိခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀)ရက်နေ့၊ (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီအချိန်အထိ ဇေယျာသီရိမြို့နယ်၊ အ.လ.က (တိမွေးကု)၊ စာသင်ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၂၃၀)ဦးအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အတွက် သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_feb 2020
-
ကျေးရွာပြောင်းရွှေ့ရေးအတွက် ကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂ဝ၂ဝ)ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ဆယ်လံကျေးရွာတွင် ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် ကျေးရွာပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #mgy_feb2020
-
သဘာ၀ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၁-၂-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီမှ (၁၁:၃၀) နာရီအထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာ၊ ကန်ကလေးဘုရား၌ သဘာ၀ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟော ပြောပွဲနှင့် (DAN) Application ဖြန့်ဝေအသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးမှုများကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထုအင်အား (၁၀၀) ဦး ခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၁၁-၂-၂၀၂၀) ရက်နေ့၊ (၁၀:၂၀) နာရီ မှ (၁၁:၃၀) နာရီအထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဓနုကတိုက်ကျေးရွာ၊ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း အား ဆောင်ရွက်ခဲ့ရာ ပြည်သူလူထုအင်အား စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင် သတင်း ရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_feb2020









