သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

11_pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀) ရက်နေ့တွင် မွန်းလွဲ (၀၁:၀၀) အချိန်၌ သရက်မြို့နယ်၊ ကွမ်းအုံကျေးရွာအုပ်စု၊ ကွမ်းအုံကျေးရွာ၌ သဘာဝ ဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ လူဦး ရေ (၁၂၀) ဦးခန့်တက်ရောက်ခဲ့ပြီး ဆပ်ပြာမှုန့်ထုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ပါကြောင်း သိရှိရပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#mgy_feb2020

Sign Up

Upcoming Events