လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာ၌ ကြွက်ဘေးဒဏ်ခံစားရသူများအတွက် ဆန်ရိက္ခာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဘေးသင့်အိမ်ထောင်စု(၁၉၉၆)စု၊ လူဦးရေ(၁၀၈၅၇)ဦးအတွက် ဆန်ရိက္ခာ(၁၅၈၄)အိတ် စုပေါင်းတန်ဖိုးငွေ(၄၉,၃၉၈,၆၀၀/-)ကျပ်ကို (၉-၂-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရှိရပါသည်။
#ha_otr
#shn_feb 2020
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)