သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီမှ(၁၂:၃၀)နာရီအထိ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဟင်္သာကျွန်းကျေးရွာ၊ ကျေးရွာခန်းမ၌ ရွာသူ/ရွာသား (၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား  သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#mon_feb 2020

 

 

Sign Up

Upcoming Events