
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ
ခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀)ရက်နေ့၊နေ့ လည်(၁၃:၀၀)နာရီမှ(၁၅:၀၀)နာရီထိ ကော့ကရိတ်မြို့နယ်၊ အမှတ်(၉)အမက(မူလွန်) ကျောင်း၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၂၀)ဦး တို့အား မီးဘေး၊ ရေဘေး၊ မုန်တိုင်ဘေး၊ မိုးကြိုးဘေး များဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေး ဟောပြောခဲ့ပြီး သရုပ်ပြသခြင်းများလည်းပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဘေး(၈)မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများ အတွက် ဗလာစာအုပ်များကိုလည်း ကျောင်းအုပ်ဆရာမကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#krn _feb2020