Category Archives: News
-
မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀) ရက်နေ့၊(၁၅:၂၅) အချိန် တွင် ညောင်ဦးမြို့နယ်၊ ကူရွာကျေးရွာအုပ်စု၊ ရှင်မိန်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၂) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ (၄,၂၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စာတို့ကို (၁၂-၂-၂၀၂၀) ရက် နေ့ (၁၁:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
school cum shelter တည်ဆောက်ပြီးစီးမှု အခြေအနေအား စစ်ဆေးကြည်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၂-၂-၂၀၂၀) ရက်နေ့တွင် မြို့နယ်ဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ် ရုံးအဖွဲ့တို့နှင့် အတူ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် Excellent Unity ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော လပွလပွတ္တာမြို့နယ်၊ ဆားချက်ကျေးရွာ အုပ်စု၊ ဆားချက်ကျေးရွာနှင့်တာလူဖလောကျေးရွာတို့မှ school cum shelter တည်ဆောက်မှု ၇၅% တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဘိုသင်ကုန်းကျေးရွာမှ ၅၀% တည်ဆောက် ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ayy_feb2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး … Read more
-
Multi Purpose Shelter တည်ဆောက်မှုအခြေအနေအား ကွင်းဆင်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၂-၂၀၂၀)ရက်နေ့၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိ သော ဘီးလင်းမြိုနယ်၊ ကန်သာယာရပ်ကွက်နှင့် ဆရာစံရပ်ကွက်တို့တွင် Multi Purpose Shelter တည်ဆောက်မှုအခြေအနေအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #mon_feb 2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀)ရက်နေ့ (၁၀:၃၀)အချိန်၌ မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်၊ အ.မ.က(မူလွန်)ကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဘေး(၈)မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_feb 2020
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ရှားပါးမှုအခက်အခဲနှင့် ကြုံတွေ့နေရသော မကွေးမြို့နယ် ၊ကြာကန်ကျေးရွာအုပ်စု၊ ဒေါ်ကျင် ထွေး (တဲတိုက်)၊ ရွာအရှေ့ပိုင်းရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၁၇) လုံး၊ အိမ်ထောင် စု (၁၂၃) စု၊ လူဦးရေ (၅၈၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၂- ၂-၂၀၂၀) ရက်နေ့ ( ၁၁ : ၃၀ ) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀)ရက်နေ့ နံနက်(၁၁း၀၀)အချိန်မှ (၁၂း၀၀)အချိန်ထိ ကျောက်ဖြူမြို့၊ (အလက-၄)ကျောင်း၌ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၁၀)ဦးခန့်အား လည်းကောင်း၊ နေ့လည်(၁၃း၃၀)အချိန်မှ (၁၄း၃၀)အချိန်ထိ ကျောက်ဖြူမြို့၊ (အ-ထ-က ၃) ကျောင်း၌ ဆရာ/ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၁၃၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ဆရာများနှင့်ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၄၀)ဦးခန့်အား လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၁-၂-၂၀၂၀)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့တို့နှင့်ပူးပေါင်း၍ မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အသောကရာမ မန်ကျည်းကျောင်းတိုက်၊ အာသောကရာမ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခန်းသို့ မြို့အုပ်ချုပ်ရေးမှူး ၊ ခရိုင်/မြို့နယ်/ရပ်ကွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သဘာဝဘေးကူညီဆောင်ရွက်နေ သည့် ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်နေပြည်သူလူထုများ၊ စုစုပေါင်းအင်အား(၄၅၀)ဦးဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Life jacket၊ Radio၊ Hand Speaker၊ … Read more
-
နတ်မောက်မြို့၌ ကျင်းပသော (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ပွဲတော်သို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်မှုသတင်း
ဖေဖော်ဝါရီ ၁၁ ၊ နတ်မောက် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ကျင်းပသော (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နတ်မောက်မြို့၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေး၊ နတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၊ နတ်မောက်ကွန်ယက်ပရဟိတ လူမှုအကျိုးပြုအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်စကားပြောကြားရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိမြေတွင်ကျင်းပသည့် ဗိုလ်ချုပ်၏ (၁၀၅)မြောက် မွေးနေ့အထိမ်းအမှတ်ပွဲကို … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀) ရက်နေ့တွင် ကလေးမြို့နယ် အ.လ.က(ခွဲ) နတ်မြောင်းကျေးရွာ ကျောင်းသား/သူ (၂၅၀) ခန့်အား သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb2020 Source: ကလေးခရိုင်ဦးစီးမှူးရုံးမ (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ပျော်ဘွယ်မြို့နယ်၊ ဆားတောင်ကျေးရွာအုပ်စု၊ မန်ကျည်းပင်ကျေးရွာအခြေခံပညာမူလတန်းကျောင်း အ.မ.က(၁၉)တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာကျောင်းသားကျောင်းသူ(၉၀)ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_feb2020 Source: ပျော်ဖွယ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)









