လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၁-၂-၂၀၂၀)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့တို့နှင့်ပူးပေါင်း၍ မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အသောကရာမ မန်ကျည်းကျောင်းတိုက်၊ အာသောကရာမ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခန်းသို့ မြို့အုပ်ချုပ်ရေးမှူး ၊ ခရိုင်/မြို့နယ်/ရပ်ကွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သဘာဝဘေးကူညီဆောင်ရွက်နေ သည့် ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်နေပြည်သူလူထုများ၊ စုစုပေါင်းအင်အား(၄၅၀)ဦးဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Life jacket၊ Radio၊ Hand Speaker၊ First Aid Kit များအား ရပ်ကွက်သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#simex
#ayy_feb 2020