လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၂-၂၀၂၀)ရက်နေ့၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိ သော ဘီးလင်းမြိုနယ်၊ ကန်သာယာရပ်ကွက်နှင့် ဆရာစံရပ်ကွက်တို့တွင် Multi Purpose Shelter တည်ဆောက်မှုအခြေအနေအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#otr
#mon_feb 2020