သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀)ရက်နေ့ နံနက်(၁၁း၀၀)အချိန်မှ (၁၂း၀၀)အချိန်ထိ ကျောက်ဖြူမြို့၊ (အလက-၄)ကျောင်း၌ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၁၀)ဦးခန့်အား လည်းကောင်း၊ နေ့လည်(၁၃း၃၀)အချိန်မှ (၁၄း၃၀)အချိန်ထိ ကျောက်ဖြူမြို့၊ (အ-ထ-က ၃) ကျောင်း၌ ဆရာ/ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၁၃၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ဆရာများနှင့်ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၄၀)ဦးခန့်အား လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#rke_feb 2020

 

Sign Up

Upcoming Events