လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ရှားပါးမှုအခက်အခဲနှင့် ကြုံတွေ့နေရသော မကွေးမြို့နယ် ၊ကြာကန်ကျေးရွာအုပ်စု၊ ဒေါ်ကျင် ထွေး (တဲတိုက်)၊ ရွာအရှေ့ပိုင်းရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၁၇) လုံး၊ အိမ်ထောင် စု (၁၂၃) စု၊ လူဦးရေ (၅၈၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၂- ၂-၂၀၂၀) ရက်နေ့ ( ၁၁ : ၃၀ ) နာရီအချိန်တွင် ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#mgy_feb2020
Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ)