Category Archives: News
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာမှ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန်ရောက်ရှိလာသည့် ဒဏ်ရာရရှိသူ(၂)ဦးအတွက် ဒဏ်ရာရ ထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်အား (၁၃-၂-၂၀၂၀)ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #rke_feb2020
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးကျေးရွာအုပ်စု၊ ကျုံကူးကျေးရွာတွင် (၁၁-၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည် နေအိမ် (၁၂) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံး၊ စုစုပေါင်းနေအိမ် (၁၄)လုံး၊ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၆၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁၂)ပုံး (၄၁၂၂၃၆/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၁၀၀၀၀ဝ/-) ကျပ်၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် သံတောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် တက်ရောက်လာသူတာဝန်ရှိသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲ၌ မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအားဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_feb2020 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်မှ တိုက်ပွဲရှောင်အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၅) အိမ်ထောင်စုစာနှင့် လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာ ဖိုး(၁)လစာ ထောက်ပံ့ငွေ (၁၇၁,၀၀၀/-)တို့ကို ငဖဲမြိုနယ်၊ ဇင်ပြွန်းကျေးရွာ၌(၁၃-၂-၂၀၂၀)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #mgy_feb 2020
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀)ရက်နေ့၌ မွန်ပြည်နယ်၊ မော်မြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာ၊ မောင်စိန်ကုန်းထိပ်တွင် ဖြစ်ပွါးခဲ့သော မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံး သွားခဲ့သည့် လူနေအိမ် (၁)လုံးမှ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁) အိမ်ထောင်စာ တန်ဖိုးငွေ(၃၅၁၅၃/-)ကျပ်၊ လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀ဝဝ/-)ကျပ်၊ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂,၁၀ဝ/-)ကျပ်တို့အား(၁၃-၂-၂၀၂၀) ရက်နေ့(၁၃:၀၀) နာရီ အချိန်တွင် မီးဘေးသင့်ပြည်သူထံလက်၀ယ် အရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_feb 2020 Source: … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရလှိုင်ကျေးရွာ၊ အ.ထ.က ကျောင်း၌ ကျောင်းသား/ သူ၊ ဆရာ ဆရာမနှင့် ကျေးရွာသူ/ သား စုစုပေါင်း (၂၀၀) ဦးတို့ကို သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ အသိပညာပေးဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များနှင့် ဘောပင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_feb2020 Source: တနင်္သာရီတိုင်းဒေသကြီဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀)၊ ရက်နေ့ (၉:၃၀)နာရီအချိန်တွင် သောက်သုံးရေ ခက်ခဲသော မကွေးမြို့နယ် ၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးကျော်စိန်တဲတိုက်၊ ဦးအုံးသီးတဲတိုက်၊ အရှေ့မြောက်ကုန်းတို့ရှိ အိမ်ခြေ (၁၀၂) လုံး၊ အိမ်ထောင်စု (၁၀၉)စု၊ လူဦးရေ (၅၁၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အားသွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_feb2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀) ရက်နေ့၊(၀၉:၀၀)အချိန်တွင် ဖာပွန်မြို့၊ ကူးဆိပ်ကျေးရွာ၊ အထက(ခွဲ)ကျောင်း၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျောင်းသား/ကျောင်းသူ အင်အား(၂၅၀)ဦးခန့်အား ဌာနနှင့်ပတ်သက်သော သိကောင်းစရာများ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခဲ့ပြီး ဗွီနိုင်းပိုစတာနှင့်လက်ကမ်းစာစောင်များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_feb 2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၂-၂၀၂၀) ရက်နေ့တွင် (၁၃:၀၀) နာရီအချိန်တွင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့ ကဒ်ဒပနကျေးရွာ၌ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းဘေး၊ ရေဘေး၊ လေဘေးနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်များအား ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထု (၁၀၀) ဦးခန့်အား အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_feb2020 Source: ရန်ကုန်တောင်ပိုင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများ
(၆-၂-၂၀၂၀)ရက်နေ့မှ (၁၂-၂-၂၀၂၀)ရက်နေ့အထိ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၊ ရန်ကုန် (ကမ္ဘာအေး) စခန်းက နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများကို ဖော်ပြထားပါသည်။









